တရုတ်နိုင်ငံထုတ် ဆေးဝါးတုများအား အာရှတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများသို့ အများဆုံးတင်ပို့ကြောင်း ထုတ်ပြန် ၊ ကမ္ဘာပေါ်တွင်အဆိုးရွားဆုံး ဆေးဝါးတုထုတ်လုပ်သည့် တရုတ်နိုင်ငံ၌ ဆေးတုထုတ်လုပ်သူ ၂၀၀၀ နီးပါးအားဖမ်းဆီး


PDF Print















52012
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဆေးဝါးအတုနှင့် ဆေးဝါးအတု ထုတ်လုပ်သည့် ပစ္စည်းများကို ဖျက်ဆီးရန်အတွက် ကွန်တိန်နာအတွင်းသို့ ထည့်နေစဉ်

လူ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေသည့် ငှက်ဖျားဆေးအပါ အ၀င် တရုတ်နိုင်ငံထုတ် ဆေးဝါးအတုများကို အာရှတွင် မြန်မာ၊ လာအို နှင့်ကမ္ဘောဒီးယားနိုင်ငံများသို့ အများဆုံး တင်ပို့နေကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါသည်။

တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဆေးဝါးတုထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံဖြစ်ကြောင်းကိုလည်း အမေရိကန် အခြေစိုက် IMS Health မှ ထုတ်ပြန် ထားသည်။ IMS Health မှာ အမေရိကန်အပြင် ကနေဒါ၊ ဂျပန်၊တရုတ်၊ လက်တင်အမေရိက၊ အာရှပစိဖိတ် ဒေသ၊ ဥရောပ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်းနိုင်ငံများတွင်ပါ အခြေစိုက်ရုံးများ ဖွင့်လှစ်ထားသည့်ဆေးဝါး နည်းပညာကုမ္ပဏီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ ဆေးဝါးတုထုတ်လုပ်သူများအား ရဲဝန်ထမ်းအင်အား ၁၈၀၀၀ ကျော် အသုံးပြု ဖမ်းဆီးခဲ့ရာ ဆေးဝါးတုနှင့်သက်ဆိုင် သူ ၂၀၀၀ ဦးနီးပါး ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ဆေးဝါးတု ထုတ်လုပ်နေသည့် နည်းလမ်းနှစ်မျိုးရှိကြောင်း တစ်မျိုးမှာ ဆေးဝါး အတု သီးသန့်ထုတ်ပြီး နောက်တစ် မျိုးမှာ နာမည်ကြီးတံဆိပ်များအား တုပထုတ်လုပ်သည့် နည်းလမ်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဆေးဝါးတုကြောင့် နှစ်စဉ် လူ ၇၀၀၀၀၀ နီးပါး သေဆုံးနေကြောင်း နိုင်ငံတကာ ၀က်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည်။

၂၀၀၈ ခုနှစ်မှစ၍ ယခုနှစ်အထိ ငါးနှစ်အတွင်း တရုတ်နိုင်ငံမှ ဆေးဝါးတု ထုတ်လုပ်သည့်နှုန်းမှာ ယခင် ၁၉ ရာခိုင်နှုန်းမှ ယခု ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကိုလည်း IMS Health မှ လေ့လာ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးအတုများ၏ ၅၀ ရာခိုင်နှုန်း ကို အန်ဂိုလာ၊ ဘူရွန်ဒီ၊ ကွန်ဂိုနိုင်ငံ များသို့ အများဆုံး တင်ပို့ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှ သုံးပုံ နှစ်ပုံကို မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း Policy- network.net တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ဆေးဝါးများမှာ အကိုက်အခဲ ပျောက်ဆေး၊ အဖျား ပျောက်ဆေး၊ အစာအိမ်ဆေးကဲ့သို့ ဆေးဝါးများ အများဆုံးတင်သွင်းနေကြောင်း၊ ငှက်ဖျားဆေးတုကဲ့သို့ လူ့ အသက်အန္တရာယ် ထိခိုက်နိုင်သည့် ဆေးဝါးများကိုလည်း မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များမှ တင်သွင်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ၀င်းစည်သူက "ကျွန်တော်တို့က အသင်းအဖွဲ့ဖြစ်တဲ့အတွက် ဒီလိုဆေးဝါးတု ပြဿနာမျိုးတွေကို စည်းရုံး ဆောင်ရွက်တဲ့နည်းနဲ့ပဲ သွားလို့ရတယ်။ သိထားတာကို တင်ပြပြီး  သက်ဆိုင်ရာကို စစ်ဆေးဖို့ကြပ်မတ် ဖို့ တိုက်တွန်းတာမျိုးလုပ်ပါတယ်။ ဥပမာ FDA ကို တစ်လတစ်ကြိမ်၊ နှစ်ကြိမ်ဈေးကွက်ထဲက ဆေးဝါးတု တွေကို စစ်ဆေးဖို့ တင်ပြတာမျိုးပါ။ FDA  ဘက်ကလည်းအန္တရာယ် ရှိတဲ့ဆေးဝါးတွေ့တယ်ဆိုရင်အသင်း ကို အကြောင်းကြားပြီး ဆေးကုန်သည်တွေ အနေနဲ့ ဆေးတွေပြန်သိမ်းပေးဖို့ပြောတယ်။ ဒီလိုအပြန်အလှန် လုပ်နေပါတယ်"ဟု ပြောပြခဲ့သည်။

ထိုသို့ ဆေးဝါးတုပြဿနာများ အား မြန်မာနိုင်ငံအနေဖြင့် အင်တာ ပိုလ်၊ WHO ၊ WCO  အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း၊ ဆေးဝါးတုနှင့်ပတ်သက်  ဖမ်းဆီးရမိရာတွင် အရင်းအမြစ် များအား ဖော်ထုတ်ပါက တရုတ်လုပ်ငန်း ရှင်များ အဓိကဖြစ်နေသည့်ဖြစ်စဉ် များရှိခဲ့ကြောင်းလည်း သိရသည်။

FDA မှ တာဝန်ရှိသူတစ်ဦး ကလည်း "အခု တရုတ်ပြဿနာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဈေး ကွက်ထဲမှာ ပုံမှန် ဆေးတုတွေကို စစ်နေတယ်။ တွေ့ရင် အရေးယူ တယ်။ ဒါကပြည်တွင်းဈေးကွက်မှာ လုပ်တာ။ နိုင်ငံတကာမှာ ဆေးဝါး တုပြဿနာအတွက်ကျတော့ အင်တာပိုလ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်နေတာရှိတယ်။ မြန်မာ ကိုတော့ တရုတ်နိုင်ငံက သွင်းတဲ့ ဆေးအတုထဲမှာ လူ့အသက်အန္တရာယ် ကိုထိခိုက်စေတဲ့ ငှက်ဖျားဆေးလို ဆေးမျိုးတွေပါတယ်။ ဒါကြောင့် လည်း ကျွန်တော်တို့တွေ တစ်နိုင်ငံ လုံးမှာ စစ်ဆေးတယ်။ နိုင်ငံတကာ က ငှက်ဖျားနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေပါ ကျွန်တော့်တို့ဆီကို အရင်တစ်ပတ်ကပဲ လာကြည့်ရှုခဲ့ သေးတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ တောက်လျှောက်စစ်နေပါ တယ်"ဟု ပြောပြခဲ့သည်။

တရုတ်နိုင်ငံထုတ်ဆေးဝါးအတု သုံးစွဲမိသူများအနေဖြင့် ကင်ဆာ၊ သွေးတိုး၊ ဆီးချိုအပြင် အရေပြား ရောဂါများကိုပါ ဖြစ်ပေါ်စေနိုင်သည် ဟု Yahoo.com တွင် ဖော်ပြထားပါသည်။   

အခြားသောပြောစကားများ -

သြော်....ကျနော်တို့ မြန်မာနိုင်ငံသားတွေကိုယ့်နိုင်ငံမှာ ကိုယ်နေတာတောင်မှ လုံခြုံမှု မရကြပါလားနော်...
တွေးမိတိုင်း ၀မ်းနည်းရင်နာလို့မဆုံးဘူး....
ကျွန်းသစ်တွေထွက်တယ်.. တော်ယုံလူ မသုံးနိုင်ကြဘူး .ကျောက်မျက်သယံဇာတတွေထွက်တယ်...သူတို့ကိုယ်ပေါ်မဆင်နိုင်ကြဘူး..
ဂက်စ်တွေထွက်တယ်..ရေနံတွေထွက်တယ်... သူတို့နိုင်ငံ မှောင်မဲနေတုန်း...
ငါးပုဇွန်တွေထွက်တယ်... သူတို့လူတိုင်းမစားကြဘူး...
သံ သံမဏိ ခဲ စတဲ့သတ္တုတွေထွက်တယ်... နိုင်ငံခြားဖက်စပ်ကုမ်ပဏီတွေအသီးသီးက သူတို့စက်မှုလုပ်ငန်းတွေအတွက် သယ်သွားကြတယ်...ဒါတင်မကသေးဘူး... မွေးဖွားကြီးပြင်ခဲ့ နိုင်ငံသားပေါင်း သန်းပေါင်းများစွာ နိုင်ငံရပ်ခြားကို မိသားစုတွေရှေ့ရေးအတွက် မရှိရှိတာလေးတွေ ပေါင်နှံရောင်းချပြီး စီးပွါးရှာသွားကြရတယ်...
ပြောကြစမ်းပါဗျာ...ကျနော်တို့မြန်မာနိုင်ငံသားတွေဘ၀ ဘာများကောင်းတာ ကျန်သေးလို့လဲ....

ရှောင်လေဝေးဝေး တရုတ်က "ဆေး"
တရုတ်"ကုန်" ရှောင် မလာခင်တား
တရုတ် သတိပြု

အချိန်ရာသီတိုင်းမှာ တရုတ်ကိုစောင့်ကြည့်ပါ
ကြိုတင်သတိပေးမှာ အဓိကရန်သူပါ

ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ
မညှာမတာ ဘယ်သူ့မှမကြောက်ပါ သူခိုးဒါးပြထက် ဆိုးတဲ့ရန်သူဟာ
ဒီဇဗ္ဗူတခွင်မှာ လူလည်တရုတ်ကို အစဉ်အမြဲသတိပြုပါ

ငတေကြီး တရုတ်ကတော့
ဘူးသီးသီးမှ အရီးတော်
တောမီးလောင် တောကြောင် လက်ခမောင်းခတ်
ပွဲလန့်တုန်းဖျာခင်း
ငါးမရ ရေချိုးပြန်
ပြောမယုံ ကြုံမှသိ
ဇာတ်လမ်းတွေ ခင်းနေပါပြီဗျို့


"တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးအတုများ၏ ၅၀ ရာခိုင်နှုန်း ကို အန်ဂိုလာ၊ ဘူရွန်ဒီ၊ ကွန်ဂိုနိုင်ငံ များသို့ အများဆုံး တင်ပို့ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှ သုံးပုံ နှစ်ပုံကို မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း Policy- network.net တွင် ဖော်ပြထားသည်။"



ငါတို့မြန်မာတွေကေ-ာက်ချဉ်ကြီးကိုဖြစ်လို့ ။ ဒို့လူမျိုးကျန်းမာဖို့---တရုတ်မှစားသောက်စရာတွေ....ရှောင်ရှားကြပါစို့။


ဆင်းရဲနွမ်းပါးသူများခမျာ မရှိမဲ့ရှိမဲ့ပိုက်ဆံလေးနဲ့ကိုယ့်သား၊ ကိုယ့်သမီးအသက်ဘေးကလွတ်မြောက်ဖို့ဆရာဝန်ရေးပေးလိုက် တဲ့ဆေးစာထဲကဆေးတွေကို မရမကရအောင်ရှာဝယ်၊ ကိုယ့်မှာပါလာတဲ့ပိုက်ဆံနဲ့ မလောက်ရင်သူများဆီကအတိုးနဲ့ချေးပြီး ဆရာဝန်ညွှန်ကြားချက် ထဲကဆေးတွေအကုန်လုံးရအောင်ကြိုးစားရှာဝယ်လိုက်ရတာ။ နောက်ဆုံးအဲဒီ့ထိုးဆေးတွေ၊သောက်ဆေးတွေကအတုဖြစ်နေ တော့ဆေးမတိုးဘူးလေ။ နောက်ဆုံးဆေးရုံမှာဘဲမရှုမလှဆုံးပါး ကြရတာတွေဒုနဲ့ဒေးပါ။ ဒါတွေဟာဘယ်သူ့မှာတာဝန်ရှိပါသလဲ? ကျွန်တော်တို့နိုင်ငံမှာ တရုတ်ကထုတ်တဲ့ပစည်းတိုင်း၊ဆေးဝါးတိုင်း၊စားသောက်ကုန်တိုင်းကိုအစိုးရဦးဆောင်မှုနဲ့ထိထိရောက်ရောက်စစ်ဆေးသင့်ပါတယ်။ နယ်စပ်ဂိတ်တွေမှာလည်းထိထိမိမိတားဆီးသင့်ပါတယ်။ အမျိုးသားရေးတာဝန်တရပ်အနေနဲ့လှုပ်ရှားဆောင်ရွက်သင့်ပါပြီ။ ဆေးဝါးအတုဆိုတာကသာမန်လူမပြောနဲ့ဆရာဝန်တွေတောင် မသိနိုင်ပါဘူး။ Labထဲမှာစစ်ဆေးကြည့်မှသိနိုင်မှာဖြစ်ပါတယ်။ ဈေးကြီးတဲ့ဆေးဝါးတွေကိုလည်းဥရောပတံဆိပ်တွေPackingတုတွေနဲ့ဆိုတော့တကယ့်အမှန်အကန်ဆေးဝါးလို့ယုံကြည်ယူဆပြီး အသုံးပြုနေသူတွေအတွက်စိတ်မကောင်းစရာပါဘဲ။


တရုတ်နိုင်ငံ၌ ဆေးဝါးတုထုတ်တဲ့ကောင်တွေ ဗမာ နယ်စပ်မှာ ဆေးအတုတွေလာထုတ်တာ ဗမာပြေက အမျိုးသိပ်ချစ် ပါတယ်ဆိုတဲ့ စိမ်းတိန်းတိန်း မာစတာကြီး တွေတောင် ပါလိုက်သေး ...
အဝေမတဲ့လို့ ထ ကိုက်ကြတော့မှဘဲ ပြည်တွင်းက ဗမာတွေ မြန်မာတွေ သက်သာရာ ရ တော့တယ်။

အားကိုးကြဦးလေ၊
အရင်ကတည်းက ငရုတ်ဆီအတု၊ ပဲငံပြာရည်အတု၊ ငရုတ်သီးမှုန့်၊နနွင်းမှုန့်အတု၊ သွားတိုက်ဆေးအတု .............. အကုန် အတုမှန်သမျှ တရုတ်တွေ လုပ်တာချည်းပဲ။
ဘာတဲ့ FDA ကသိရင် အသင်းကို အကြောင်းကြားပြီး ပစ္စည်းပြန်သိမ်းခိုင်းတယ်တဲ့လား၊
ဘယ်ကုန်သည်က ကိုယ့်ပစ္စည်း ဘယ်လမ်းဘေးကွမ်းယာဆိုင်အထိ လိုက်သိမ်းနိုင်မှာလဲ၊
သိရင်၊ တွေ့ရင် ဇစ်မြစ်အရင်းအထိလိုက်ပြီး ဖမ်း/ ပစ္စည်းသိမ်း/ ထောင်ချ/ Black List သတ်မှတ်/ Interpol ကို အကြောင်းကြားလုပ်ရမှာ၊
ဒါကမှ နယ်စပ်ဖြတ်ကျော်မှုခင်းမဟုတ်ရင် ဘာလဲ........။

Ref;http://www.first-11.com/index.php?option=com_content&view=article&id=14990:2012-08-16-03-14-41&catid=42:2009-11-10-07-36-59&Itemid=112



No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ