ညောင်သားကို ဘာကြောင့် ထင်းအဖြစ်မသုံးရတာလ

လူကြီးသူမများကို ညောင်ပင်မှ ညောင်ကိုင်း၊ ညောင်ခက်၊ ညောင်သားတို့အား
မီးမဆိုက်ရန်တားမြစ်လေ့ရှိကြပါသည်။ ညောင်ပင်သည် ကြီးမားသော
အပင်မျိုး၌ ပါဝင်၏။ သစ်ပင်များ ကြီးမားလျှင် ရုက္ခစိုး (ခေါ်)
သစ်ပင်စောင့်နတ် ရှိသည်ဟူ၍ စွဲမှတ်တတ်ကြလေရာ ညောင်ပင်မှာ အကြီးမျိုးဖြစ်၍
ညောင်ပင်
တိုင်းတွင် ရုက္ခစိုးမုချရှိသည်ဟူသော အစွဲသည် အခိုင်အမာ ဖြစ်နေလေပြီ။
ထို့ကြောင့်လည်း အချို့အချို့သော ညောင်ပင်ကြီးများ၌ နတ်စင်များ ဆောက်လုပ်
ထားခြင်း၊ ဆီမီးပူဇော်ခြင်းများကို တွေ့မြင်ကြရခြင်း ဖြစ်၏။
ညောင်ပင်အောင်၌ အလေးအပေါ့မစွန့်ခြင်း၊ ညောင်ကိုင်းကို
မခုတ်ဖြတ်ခြင်းတို့မှာ ရုက္ခစိုးစိတ်ဆိုး
မှာ နတ်စိတ်ဆိုးမှာစိုး၍ ရှောင်ကြဉ်ခြင်း ဖြစ်လေသည်။
တစ်ဖန် ဂေါတမြတ်စွာဘုရားရှင်သည် ညောင်ဗုဒ္ဓဟေကို အမှီပြု၍
ပွင့်တော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင်၏ သာသနာတော်၌
ညောင်ပင်များကို အလေးအနက်ထားကြခြင်း ဖြစ်ပါသည်။ ပိဋိကတ်သုံးပုံက
တားမြစ်ခြင်း မဟုတ်သော်ငြားလည်း ရိုသေ ကိုင်းရှိုင်းမှု အားဖြင့်
ရှောင်ကြဉ်ခြင်း
လည်း ဖြစ်နိုင်ကောင်းပါသည်။ ရှောင်ကြဉ်ခြင်းအားဖြင့် အလေးအမြတ်ထား၍လည်း
ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းလောင်းလေ့ရှိပါသည်။
အင်္ဂ၀ိဇ္ဇာ ဓာတ်ရိုက်ဓာတ်ဆင် ပညာရပ်တွင် နေထိုင်မကောင်းပါက
ဗုဒ္ဓယတြာအဖြစ် ညောင်ထောက်ခြင်းကို ပြုရ၏။ ကက်ကင်း ဓာတ်ဆင်နည်းဆို
သည်လည်း ရှိပါသေးသည်။ လက်ပံနှင့်မြင်းလား၊ ကင်ပွန်းနှင့်မီးခိုးတို့သည်
ကက်ကင်းသဘောအရ ဓာတ်ဝင်နေကြသည်။ ထို့ကြောင့် လက်ပံပင်ကို မြင်းလား
အစွယ်ဖြင့်ရိုက်လျှင်သော်လည်းကောင်း၊ ကင်ပွန်းပင်ကို မီးခိုးဖြင့်
မှိုင်းတိုက်လျှင်သော်လည်းကောင်း အပင်များ သေတတ်ပါသည်။
ဤသို့နည်းတူ "ညောင်ပင်" ဟူသည် "ပညာ" ၏ ကက်ကင်း ဖြစ်လေသည်။
ထို့ကြောင့် ဓာတ်ရိုက်ဓာတ်ဆင် ပညာရှင်များသည် ပညာကို လိုလား
သဖြင့် ညောင်ပင်ကို အလေးအမြတ်ပြုကြလေရာ ညောင်ပင်၏ အစိတ်အပိုင်းကို
မီးမြိုက်ခြင်းဖြင့် ပညာကို ထိခိုက်စေတတ်သည်ဟု ယူဆလျက် ရှောင်ကြဉ်
ကြခြင်း ဖြစ်နိုင်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

--
အားလုံးပျော်ရွင်ပါစေ
--
ကျေးဇူးတင်ပါတယ်ဗျာ..........


<http://www.filecrunch.com/>


* ခင်မင်လျှက်...စိုင်းကိုသူ*

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ