သတင်းတစ်ပုဒ်ကိုကျနအောင်စီစဉ်ရေးသားခြင်း
သတင်းရေးနည်းဆိုသည်မှာနားဖြင့်ကြား၊မျက်စိဖြင့်မြင်ခဲ့ရသောသတင်းကုန်ကြိမ်းများကိုလူတိုင်း အလွယ်တကူဖတ်ရှုနားလည်အောင်အချောကိုင်စီစစ်ရေးသားရသောပညာတစ်ရပ်ဖြစ်သည်။
သတင်းရေးရာတွင်သတင်းစာဖတ်သူတို့အလွယ်တကူနားလည်နိုင်သောစကားလုံးကိုရွေးရန်(Choice of word)နှင့်အလွယ်တကူသတင်းသိရှိနိုင်ရန်ပုံစံ(Format)ဖြင့်ဖော်ပြရန်လိုသည်။
သတင်းရေးရာတွင်ပထမပိုဒ်(Lead prargraph)သည်အရေးအကြီးဆုံးဖြစ်သည်။ သတင်းတစ်ပုဒ်လုံးကို အကျဉ်းချုံးပြီးအတိုချုပ်ကိုအဓိပ္ပါယ်ပေါ်အောင်အလွယ်ဆုံးစကားလုံးအတိုဆုံးဝါကျဖြင့်ဖွင့်ချဖော်ပြရသောစာပိုဒ် ဖြစ်သည်။ ပထမစာပိုဒ်တွင်ဝါကျတစ်ကြောင်း(သို့မဟုတ်)နှစ်ကြောင်းဖြင့်သတင်းတစ်ပုဒ်လုံး၏အဓိပ္ပါယ်ပေါ်အောင် ရေးရသည်။
တမန်ထိုပထမစာပိုဒ်ပါသတင်းအတိုချုပ်ကိုညွန်ပြသည့်ဆီလျော်သောခေါင်းစဉ်(Headline or Caption)ကို ပထမစာပိုဒ်အထက်တွင်ရေးသားဖော်ပြရသည်။
သတင်းတစ်ပုဒ်ရေးရာတွင်တတ်နိုင်သလောက်(ဘ)ခြောက်လုံးပါအောင်ရေးရသည်။
ပထမစာပိုဒ်တွင်မုချ(ဘ)သုံးလုံး။ ဘာဖြစ်၊ဘယ်မှာ၊ဘယ်တုံးက(What,where,and,When)ပါရမည်။ ပထမစာ ပိုဒ်တွင်၎င်း(ဘ)သုံးလုံးထက်ပို၍(ဘ)များလျှင်ပို၍ကောင်းသည်။
(ဘ)ခြောက်လုံးတွင်သတင်း၌အရေးအကြီးဆုံး(ဘ)ကိုပထမစာပိုဒ်တွင်မုချပါအောင်ထည့်ရသည်။
သတင်းစာရေးရာတွင်သတင်းတွင်အရေးအကြီးဆုံးအချက်အလက်များကိုပထမဆုံးစာပိုဒ်တွင်ဖွင့်ချဖော်ပြရပြီး အရေး မကြီးသောအချက်အလက်များကိုနောက်မှာဖော်ပြရသည်။ဒီလိုအရေးအသားကို ပိရမစ်ပြောင်းပြန် (Inverted Pyramid) အရေးအသားဟုခေါ်သည်။
သတင်းစာ(Hard News)နှင့် သတင်းပျော့(Soft News)
သတင်းမှာအခြေခံအားဖြင့်နှစ်မျိုးရှိတယ်။ ပထမအမျိုးအစားကတော့သတင်းမာ(Hard News)လို့ခေါ်တယ်။ ဒါကိုစက်ရပ်သတင်း(Breaking News)ဟုလည်းခေါ်သည်။ အလျင်စလိုဖော်ပြရမယ့်သတင်းကိုဆိုလိုတာပါ။
ယခုချက်ချင်းလက်ငင်းဖြစ်ပျက်တဲ့သတင်းတွေကိုသတင်းစာအနေနဲ့ဖော်ပြတယ်။ဒီလိုသတင်းတွေကို စာဖတ်ပရိသတ်တွေရဲ့လက်ထဲကိုအမြန်ဆုံးရောက်အောင်ဆောင်ရွက်ရမှာဖြစ်တယ်။
ဒီသတင်းတွေဟာမီးလောင်တာဖြစ်ချင်ဖြစ်မယ်၊အစိုးရကြေညာချက်တွေ၊ရုံးတော်ကအမိန့်တွေပါချင်ပါမယ်။ လက်တလောခေတ်စားနေတဲ့ရောဂါသို့မဟုတ် လူသိများသူတစ်ယောက်မတော်တဆမှုနဲ့ကွယ်လွန်တဲ့သတင်း ဖြစ်ချင်ဖြစ်မယ်။ အားလုံးခြုံပြောရင်သတင်းမာ(Hard News)ဆိုတာအဖြစ်အပျက်ကိုပြောတာပါ။
သတင်းပျော့(Soft News)ဆိုတာကတော့Featuresလို့ခေါ်တဲ့သတင်းဆောင်းပါးတွေပဲဖြစ်တယ်။
ဒီလိုသတင်းဆောင်းပါးတွေဟာစာဖတ်သူတွေကိုဖတ်ရုံတင်မကဘူး၊သတင်းမှာပါဝင်တဲ့အခြေအနေကို ဒါမှမဟုတ်အကြောင်းအရာကိုအလေးအနက်ထားစဉ်းစားဖို့အတွက်လည်းရေးသားရတာဖြစ်တယ်။ တခါတရံတော့ လည်း သတင်းဆောင်းပါး(Feature)တွေဟာဖျော်ဖြေရေးအတွက်နွယ်တာတွေရှိတယ်။ ခြုံပြောရရင်သတင်းပျော့ (Soft News)ဆိုတာရှင်းလင်းချက်တွေနဲ့ရေးတာဖြစ်ပါတယ်။
စာကောင်းရေးရန်နည်းလမ်းများ
(၁) ရှင်းလင်းလွယ်ကူစွာရေးပါ
(၂) အားကောင်းသောတြိယာ(Verbs)နှင့် နာမ်(Nouns)ကိုသုံးပါ။
(၃) ပြပါ၊မပြောပါနဲ့(Show,Don't,Tell)
(၄) ကိန်းဂဏန်းများကို ဂရုတစိုက်ရေးပါ။
(၅) လိုအပ်သောစာကိုး၊စကားကိုး(Quotes)များကိုထည့်သွင်းပါ။
(၆) ကာရံ(Rhythm)လေးတွေကိုလိုအပ်ရင်ထည့်ပေပါ။
(၇) အသက်ဝင်တဲ့ရေးဟန်(Style)ရှိပါစေ။
(၈) သတင်းရေးကောင်းသူတို့၏သတင်းအရေးအသားများကိုလေ့လာပါ။
ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ