အိန္ဒိယနိုင်ငံမှ အိုင်ကျူအမြင့်ဆုံး ၁၁ နှစ်အရွယ် မိန်းကလေး

အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ အိန္ဒိယနိုင်ငံသူ Vishalini ဟာ ကမ္ဘာ့ပေါ်မှာ အိုင်ကျူအမြင့်ဆုံး လူသားအဖြစ် သတ်မှတ်ခြင်း​ခံခဲ့ရပါတယ်။

သူမရဲ့ အိုင်ကျူရမှတ်ဟာ အံ့မခန်းပါပဲ၊ ၂၂၅ မှတ်အထိရရှိခဲ့ပါတယ်။ ယခင် ဂင်းနစ်စံချိန်တင်ထားတဲ့ Kim Ung Youg တောင် ၂၁၀ မှတ်ပဲရရှိရာ ကမ္ဘာတစ်ဝန်းမှ အံ့သြခဲ့ရပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံ ATamil Nadu ပြည်နယ်မှ မြို့ငယ် Thirunelveli ရှိ သာမန် မိဘနှစ်ပါးမှ မွေးဖွားလာခြင်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ နှိုင်းစာလျှင် သာမန်လူ တန်းစားများသာ ဖြစ်ပါတယ်။

အမျိုးသမီးငယ်ဟာ အသက် ၁၁ နှစ်သာရှိပေမယ့် ရထားတဲ့ ပညာရေး အသိအမှတ်ပြုလက်မှတ်က မနည်းပါဘူး။ သူမဟာ အသက် အရွယ်နဲ့ မလိုက်အောင် သင်ယူတတ်မြောက်ရရှိထားတဲ့ ပညာအသိအမှတ်ပြုလက်မှတ်များကတော့-

MCP (Microsoft Certified Professional)

CCNA (Cisco Certified Network Associate)

CCNA Security (Cisco Certified Network Associate Security)

OCJP (Oracle Certified Java Professional) စတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲနည်းပညာဆိုင်ရာ ပညာရပ်များ ဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင် ထူးချွန်ထက်မြက်လှပါတယ်။ သူမဟာ ကမ္ဘာလုံးဆိုင်ရာ ပညာသင်ထောက်ပံ့မှု နဲ့ သက်ဆိုင်တဲ့ နိုင်ငံ တကာ​ဆွေးနွေးပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားဖို့ အဖိတ်ကြားခံခဲ့ရပြီး တက်ရောက် ဟောပြောနိုင်ခဲ့ပါတယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ