အချို့လူတွေက စာတမ်းမထိုးတဲ့ ရုပ်ရှင်ကို ကြည့်ရင် နားမလည်နိုင်ဘူး။
ဒါပေမယ့် ကိုယ့်ဘာသာစကားနဲ့ စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို
ကြည့်ပြန်တော့လည်း စာတမ်းတွေကိုသာ ဖတ်နေပြီး အင်္ဂလိပ်လို ပြောတာကို
နားမထောင်မိတော့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင် အင်္ဂလိပ်လို
စာတမ်းထိုးပြီးကြည့်ဖို့ ဦးတည်ပြီး ကြိုးစားကြည့်ပါ။
ရုပ်ရှင်တစ်ကားလုံးကို အင်္ဂလိပ်စာတမ်းနဲ့ ကြည့်ဖို့ ခက်လွန်းနေတယ် ဆိုရင်
(ပုံမှန်အားဖြင့် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့) ပထမ ၁၀ မိနစ်၊ ၁၅
မိနစ်လောက်ကို ကိုယ့်ဘာသာစကားနဲ့ ကြည့်ပြီး အဲဒီနောက်ပိုင်းမှာ
အင်္ဂလိပ်ဘာသာစကားနဲ့ ကြည့်ပါ။ ရုပ်ရှင်ဇာတ်လမ်းကို လုံးဝမသိတော့ဘဲ
လမ်းပျောက်သွားမှပဲ စာတမ်းပြောင်းပြီး ကိုယ့်ဘာသာစကားနဲ့ ကြည့်ပါ။
၂၇။ ကိုယ့်ဘာသာစကားပြောတဲ့ ရုပ်ရှင်တွေကို
အင်္ဂလိပ်လိုစာတမ်းထိုးပြီးကြည့်ပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို
အင်္ဂလိပ်စာတမ်းထိုးနဲ့ပဲ ကြည့်ရတာ ခက်လွန်းနေတယ်ဆိုရင် ဒါမှမဟုတ်
ကိုယ့်အိမ်နားမှာရှိတဲ့ ဗီဒီယိုဆိုင်မှာ အင်္ဂလိပ်စကားပြော၊
အင်္ဂလိပ်စာတမ်းထိုးရုပ်ရှင်တွေ မရှိဘူးဆိုရင် ဒီနည်းဟာ ဒုတိယအကောင်းဆုံး
နည်းလမ်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှရုပ်ရှင်တွေထဲမှာ
အင်္ဂလိပ်စာတမ်းထိုးတဲ့ ရုပ်ရှင်တွေကို ရှာပြီးတော့ ကြည့်မယ်ဆိုရင်
အရည်အသွေးကောင်းတဲ့ ရုပ်ရှင်တွေလည်း ဖြစ်တတ်ပါတယ်။ နိုင်ငံတကာမှာ
လူကြိုက်များမယ်လို့ ထုတ်လုပ်သူတွေက ယူဆတဲ့အတွက်ဖြစ်ပါတယ်။
၂၈။ ကိုယ့်ဘာသာစကားနဲ့ စာတမ်းထိုးထားတဲ့ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို
ကြည့်ပါ။ အင်္ဂလိပ်စကားပြော ရုပ်ရှင်ကို အင်္ဂလိပ်စာတမ်းထိုးနဲ့ပဲ
ကြည့်တာလောက် မကောင်းပေမယ့် ပိုပြီးတော့ အေးအေးဆေးဆေး
အများကြီးအားမစိုက်ရဘဲ ကြည့်နိုင်ပါတယ်။ သင့်တော်တဲ့ ဒီဗီဒီတွေလည်း
ရှာလို့လွယ်ပါတယ်။ နောက်ပြီး ဗီဒီယိုခွေ (VHS) နဲ့လည်း ကြည့်နိုင်ပါတယ်။
၂၉။ ရုပ်ရှင် ဒါမှမဟုတ် TV ဇာတ်လမ်းအပိုင်းတစ်ခုကို ထပ်ခါထပ်ခါကြည့်ပါ။
ဒီဗီဒီ ၀ယ်ရတဲ့စရိတ် သက်သာသွားရုံမကဘဲ ဘာသာစကားကို မလေ့လာဘဲ
တတ်သွားနိုင်ပါတယ်။ အချို့ ဟာသကားတွေက အကြိမ်ကြိမ်ပြန်ကြည့်ရင်
ပိုပြီးရယ်စရာကောင်းလာတတ်ပါတယ်။ အထူးသဖြင့် စာတမ်းမထိုးဘဲ ကြည့်မယ်ဆိုရင်
တစ်ကြိမ်ကြည့်တိုင်း နည်းနည်းပိုပြီး နားလည်လာတဲ့အတွက် ပိုပြီးရယ်စရာ
ကောင်းလာနိုင်ပါတယ်။
၃၀။ ကိုယ့်ရဲ့ ဘာသာစကားအဆင့်ကို ကိုယ်တိုင်သိပါ။ ဘာသာစကားသင်တဲ့သူ
အများအပြား တိုးတက်မှု နှေးကွေးရခြင်း အကြောင်းတစ်ကြောင်းကတော့
ကြိုးစားလွန်းပြီး ဦးနှောက်က အသင့်မဖြစ်သေးတဲ့ စာတွေကို ဖတ်နေလို့ပါဘဲ။
အင်တာနက်မှာ အင်္ဂလိပ်စာအဆင့်ကို စစ်ပေးတဲ့ စာမေးပွဲမျိုး ရှိပါတယ်။
ဖြေကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း FCE/ CAE/ IELTS/ TOEIC/ TOEFL စသည်ဖြင့်
အင်္ဂလိပ်ဘာသာစကား စာမေးပွဲမျိုးကို ဖြေကြည့်ပါ။ တချို့ဘာသာစကား
ကျောင်းတွေမှာ သင်တန်း မတက်ခင် စမ်းသပ်တဲ့အနေနဲ့ အင်္ဂလိပ်စာအဆင့်
ဘယ်လောက်ရှိသလဲ အခမဲ့ စစ်ဆေးပေးတာလည်း ရှိပါတယ်။
အခမဲ့သင်ကြားပေးတာလည်းရှိပါတယ်။ အဲဒါမျိုးတွေကို အသုံးပြုပြီး
အင်္ဂလိပ်စာအဆင့် ဘယ်လောက်ရှိသလဲ သိနိုင်မှာဖြစ်ပါတယ်။ အဲဒါဆိုရင်
သင့်တော်တဲ့ ကိုယ်တိုင်သင် စာအုပ်စာတမ်းတွေကို
ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Ref : http://www.myanmar-network.net/forum/topics/3423487:Topic:597586#ixzz1uRNGi8NC
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ