
ဘယ်လိုကံဆိုးကြရတော့မလည်း
ဧရာဝတီ မြစ်တွင် ဆည်ဆောက်သော စီမံကိန်းကြီး တစ်ခုတည်ဆောက်နေသည်ဟု ကျွန်တော် ကြားသိလိုက်ရပါတယ် စိတ်ထဲမှာ ဘယ်လိုမှကို နေလို့မကောင်းခဲ့ရပါဘူး သိပ်ကိုဝမ်းနည်းမိပါတယ် ကျွန်တော်ရဲ့ အကျင့် နောက် ၁၀ နှစ်ဆာလောက်ကြိုတွေးတက်တဲ့နည်းတူ ဧရာဝတီ၏ ကံကြမ္မာနှင့် မြန်မာနိုင်ငံ၏ ကံကြမ္မာကို ကြိုပြီးပြေးမြင်ခဲ့ရပါတယ်
ငါတို့တတွေစားနေရတဲ့ အစားအစာ ဧရာဝတီ ကျေးဇူးမကင်း
ငါတို့တတွေရဲ့ အသက်သွေးကြော ဖြတ်ပစ်တော့မည်လော
ဧရာဝတီ မြစ်ကြော တလျှောက် လယ်များစွာ ရှိပါသည် မြန်မာနိုင်ငံ ရဲ့ စားနပ်ရိက္ခာကို အပြည့်အ၀ ထုတ်ပေးနေပါသည် ဘာကြောင့်များ ငတ်မွတ်ဘေးကြုံ ရမည်ကို မစဉ်းစားရတာလည်း အကယ်၍ ဆည်ပြိုခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလည်း တစ်နိုင်ငံလုံး ပျက်ဆီးသွားပါလိမ့်မယ် ဆည်ဆောက်တော့ ရေတိမ်သွားရင် လမ်းပန်းဆက်သွယ်ရေး ဘယ်လိုရှိနေမလည်း သဘောင်္ကို ဘီးတပ်ကြမလား ကျွန်တော် ဒီလောက်လေးပဲ ရေးပါတော့မယ် အခြားသော ဘလော့ကာတွေ ရေးသားထားတာတွေ ကို စုစည်းမိသလောက် လင့်တွေတင်ပေးလိုက်ပါတယ် သွားရောက်ဖတ်ရှု့နိုင်ပါတယ်ဗျာ
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ