ဂမ္ဘီရနှင့် ကျွန်တော်
ဂမ္ဘီရဆိုသော စကားလုံးသည် 'နက်ရှိုင်းခြင်း' ဟုအဓိပ္ပါယ်ရသည်။ ဂမ္ဘီရ ဟူသော နက်ရှိုင်းမှုအနက် နက်ရှိုင်းတကာ့ အနက်ရှိုင်းဆုံးသည် နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် မဂ်ဥာဏ်၊
ဖိုလ်ဥာဏ်ဖြစ်သည်။
ယနေ့လူအများယူဆနေသည့် ဂမ္ဘီရဆိုသည်က အယူတော်မင်္ဂလာဆိုသည့် နိမိတ်
ဖတ်ပညာ ဓါတ်ရိုက်ဓါတ်ဆင်၊ အင်းအိုင်လက်ဖွဲ့၊ ဂါထာမန္တရား၊ တစ္ဆေပြိတ္တာ ဆိုသည့် သဘာဝလွန်
ဝိဥာဏ်လောက၊ အိပ်မက်နိမိတ်ဖတ်မှုစသည်တို့ဖြစ်သည်။ ယင်းဓါတ်ရိုက်ဓါတ်ဆင်၊အင်းအိုင်လက်ဖွဲ့
စသည်ကို ရှေးက လောကီပညာဟုခေါ်သည်။
လောကီပညာဆို၍ ယနေ့ခေတ် တက္ကသိုလ်၊ ကောလိပ်သင် ဓါတုဗေဒ၊ ရူပဗေဒ၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ အတက်ပညာတွေကို ပြောခြင်းမဟုတ်။ လောကီပညာ ဆိုသည်ကား လောကုတ္တရာနှင့် ခြားနား၍ လောကီပညာဟု ခေါ်ခြင်းဖြစ်သည်။ (၃၁)ဘုံဌာနကို လောကဟုခေါ်သည်။
လောက+ဥတ္တရာမို့ လောကုတ္တရာဟု ခေါ်သည်။ ဥတ္တရာက 'ကျော်လွန်ခြင်း' ဟုအနက်ရှိပေရာ လောကု
တ္တရာသည်။ 'လောကကို ကျော်လွန်ခြင်း'ဟု အဓိပ္ပါယ်ရလေသည်။ အဘိဓမ္မာ၌ နိဗ္ဗာန်၏ လက္ခဏာ(၂၁)ချက်တွင် အမှတ်(၁၉)၌ ဂမ္ဘီရကို နက်နဲသော တရားဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။
ထို့ကြောင့်အထက်ဖော်ပြပါ ဂမ္ဘီရပညာများသည် လောကီဂမ္ဘီရပညာများသာဖြစ်သည်။ သိပ္ပံပညာနှင့်လည်း စမ်းသပ်ကြည့်၍ လုံးဝရသည် မဟုတ်ပေရာ သိပ္ပံပညာလည်း မဟုတ်ပြန်ပေ။ သိပ္ပံ၏ အဓိက အခြေခံတရားသည်လက်တွေ့စမ်းသပ်ခြင်း(Experiment)ဖြစ်သည်။
တစ္ဆေ၊သူရဲ ဝိဥာဏ်လောကကို သိပ္ပံက စမ်းသပ်၍မရ။ အင်း၊အိုင်၊ လက်ဖွဲ့၊ ဓါတ်ဆင်ဓါတ်ရိုက်၊ လက္ခဏာ၊ ဗေဒင်ကို သိပ္ပံပညာက စမ်းသပ်၍မရ၊ ဓါတ်လုံးထိုး၍ ရွှေဖြစ်သည်ကို အောင်မြင်၍ ဝိဇ္ဇာဖြစ်သွားသည်ကို သိပ္ပံပညာက မည်သို့မျှ စမ်းသပ်၍ မရ။ ထို့ကြောင့်လည်း လောကီ ဂမီ
္ဘရ ဟုခေါ်ခြင်းဖြစ်သည်။ ဥပမာ တင်ပြရသော်-
သိပ္ပံပညာရှင်တစ်ယောက်ကို မိုးကြိုးပစ်ခိုင်းသော် အရင်က မရခဲ့၊ ယခုရသည်။ သို့သော် သိပ္ပံပညာသည် ကမ္ဘာမြေကြီးကို ပျက်စီးစေသော အဓိကတရားခံဖြစ်သည်။ ဂမ္ဘီရပညာဖြင့် မိုးကြိုးပစ်၍ ရသည် သို့သော် ကမ္ဘာမြေကြီးကို မပျက်စီးစေပါ။ ယုံမယုံမှာမူ သင့်အလိုတိုင်းသာ ရှိပါစေတော့။
မဂ္ဂဇင်းတစ်စောင်တွင် သူတော်ငတေက သူရဲရှိသည့် သစ်ပင်ကို ပျားဖယောင်းနှင့် ဆင်ဖြူဆင်မဲလုပ်ကျွတ်တွေမျှော့တွေသုံး၍ မိုးကြိုးပစ်အောင်လုပ်သည်ဟု ဖတ်လိုက်ရသည်။ ခက်လှပါသေးသည်။ အလွယ်ဆုံးနည်းကာမိုးရွာချိန် ငှက်ပျောပင်စိုက်တာ ဖြစ်သည်။ ဒီနည်းကို ရေးသူသည် အောက်လမ်းဆရာလည်းမဟုတ်၊ အထက်လမ်းဆရာလည်းမဟုတ်၊ အယူတော်
မင်္ဂလာဦးနိုးမဟုတ်၊ အတုလဆရာတော် ခင်ကြီးဖျော်မဟုတ်၊သိုက်သမိုင်းဝတ္ထုတွေရေးခဲ့သည့်ဆရာကြီး မြစကြာမဟုတ်၊ မြစက်ရှင် မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးရေးပညာဖြင့်(MMC)ဘွဲ့ယူခဲ့
သူစာရေးဆရာ ပျဉ်းမနား အုန်းမောင် ဖြစ်ပါသည်။
ဆရာကြီး ပျဉ်းမနားအုန်းမောင်သည် ကျောင်းသားဘဝတုန်းက ကြားဖူးနားဝရှိသည့်
အတိုင်း လက်တွေ့စမ်းသပ်လိုပေရာ မိုးရွာတုန်းတွင်းတူး၍ ငှက်ပျောပင်ကို ဇောက်ထိုးစိုက်သည်။ စိုက်ပြီး
သူကပြေးသည်။ ယင်းငှက်ပျောပင်ကို မိုးကြိုးပစ်လေသည်။သူက အပြေးကောင်း၍လွတ်ခဲ့သည်။ 'ပြေးနိုင်
မှစမ်းပါ'ဟု ဆရာကဆို၏။ အသက်နှင့်ရင်းရသော ကိစ္စဖြစ်သည်။
ငှက်ပျောပင် ဇောက်ထိုးစိုက်၍ မိုးကြိုးပစ်သည်ကို သိပ္ပံပညာက မည်သို့အဓိပ္ပါယ်ဖွင့်
မည်နည်း။ မြန်မာအလိုအရ မိုးကြိုး-ငှက်ပျောသည် ကတ်ကင်းဖြစ်သည်။ ရှေးလူကြီးများက လယ်ကွင်း
ပြောင်ပြောင်တွင် မိုးရွာတုန်း ကောက်စိုက်သူများ မိုးကြိုးဒဏ်မှ ဝေးရန် ခမောက်ဆိုသော အခေါ်အဝေါ်
နှင့် ခေါင်းဆောင်းကို တီထွင်ခဲ့သည်။
ကတ်ကင်းနှင့်စပ်လျဉ်း၍ လူငယ်များသဘာဝ ချစ်သူများတွှု ကက်ကင်းနာမည်ဖြစ်
နေက ရဲရဲဝံ့ဝံ့ ယူခိုင်းလိုက်ပါ။ အိမ်ထောင်ရေးခိုင်မြဲ၍ စီးပွားဖြစ်ထွန်းပါသည်။ ဥပမာ-မောင်မြင့်စန်းနှင့် မ
စန်းမြင့် ဆိုသော နာမည်မျိုးဖြစ်သည်။
ကင်းသွားနေစဉ် ကြေးဖလားတီးက ကင်းသေသည်ဟု ကြားဖူးသည်။ တစ်ရက်
တွင် အိမ်ရှေ့ကွက်လက်၌ ကင်းခြေများတစ်ကောင် သွားနေတာတွေ့၍ ရေချိုးသည့် ကြေးဖလားကြီး က
မန်းကတန်းပြေးယူကာ ဖလားကို သံချောင်းနှင့်ခေါက်သည်။ ကင်းခြေများသည် သွားနေရာမှ ရပ်သွားပြီး
နောက် တွန့်တွန့် တွန့်တွန့်နှင့် သေသွားတော့သည်။ ကင်းကို လုံးဝမထိခဲ့ပါ။
မြောက်ပိုင်းမှာ တမာသီးချိန်တွင် ယင်ကောင်ပေါသည်။ ယင်ကောင်တစ်ကောင်ကို
ယပ်တောင်နှင့် ရိုက်လိုက်ရာ ဖုတ်ခနဲပြုတ်ကျပြီး မလှုပ်တော့ပါ။ မီးဖိုထဲက ပြာယူပြီး ပုံလိုက်သည်။ ခဏ
နေတော့ ယင်ကောင်က လှုပ်လှုပ်ဖြစ်လာပြီးနောက် ထပျံသွားသည်။ နောက်တစ်ခါ နှစ်ကောင်ရိုက်သည်။
တစ်ကောင်ကို ပြာပုံ၍ တစ်ကောင်ကို ပြာမပုံပဲထားပြီး စောင့်ကြည့်သည်။ ပြာပုံခံရသည့် တစ်ကောင်က ပျံ
သွားပြီး ပြာမပုံသော အကောင်ကမူ ပြန်မရှင်ပါ။ ဒါမျိုး နှစ်ကြိမ်၊ သုံးကြိမ် စမ်းခဲ့ဖူးသည်။
အချို့ကိစ္စတို့တွင် မြန်မာတို့ကို အယူသီးသည်။ မဖြစ်နိုင်ဘူးဟု ပြောဆိုကြသည်။
ထားပါ။ အိမ်နီးချင်းတိုင်းပြည် အချို့က ပို၍အယူသီးသည်။ ထိုင်းလူမျိုးဆယ်ယောက်တွင် ငါးယောက်က
အန္တရာယ်ကင်း လက်ဖွဲ့တွေကို လက်မှာ၊ လည်ပင်းမှာ ချည်ထားကြသည်။ တရုတ်သည်လည်း အယူသီး
၏။ တရုတ်လူမျိုးတို့၏ တစ်၊နှစ်၊သုံး၊လေး၊ငါး၊ခြောက်၊ခွန်၊ရှစ်၊ကိုး သည် အဓိပ္ပါယ်ကိုယ်စီရှိသည်။ တရုတ်
လူမျိုးတို့သည် 'လေး' ဂဏန်းကို အလွန်ကြောက်သည်။ လေးကို 'ဆစ်' ဟုခေါ်သည်။ 'သေ' ဆိုသော အဓိ
ပ္ပါယ်နှင့် တူတူဖြစ်သည်။ အနောက်နိုင်ငံက '13' ဂဏန်းကို ကြောက်သလိုဖြစ်သည်။
ဒါတွေကို အတိုချုံ့ထားခြင်းဖြစ်သည်။ တစ်ခြား အကြောင်းအရာများကိုလည်း ချ
န်ထား၏။ လောကတွင် မသိနိုင်သည့် ကိစ္စတွေ အများကြီးရှိသည်။ တချို့လည်း သူတို့ နိုဗယ် ဓါတုဗေဒ
ဆုရ၊ ရူပဗေဒဆုရ ပုဂ္ဂိုလ်တွေလိုများ အောက်မေ့နေလားမသိ သိပ္ပံ သိပ္ပံဆိုသော စကားကို တွင်တွင်သုံး၍
ဂမ္ဘီရ ကိစ္စတွေကို မျက်စိမှိတ်ကာ ငြင်းကြပြန်သည်။ လူတို့၏ ဥာဏ်ဖြင့် မတွေးတောနိုင်သော အရာများ
သည် ကမ္ဘာလောကကြီးတွင် များစွာရှိသည်။ ဥပမာအားဖြင့်-ဘာမြူဒြာတြိဂံဒေသနှင့် ဂျပန်နိုင်ငံနားရှိ ဘာ
မြူဒါတြိဂံဒေသကဲ့သို့ အသံမဲ့ဇုန် တို့ကို သိပ္ပံပညာရှင်တွေ မတွေးတောနိုင်ပါ။
မျက်စိမှိတ်ခေါင်းခါနေသော သူတို့ကိုတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏
'ဒင်းတို့ဥာဏ် တစ်ထွာတစ်မိုက်ကယ်နှင့် ငြင်းဆိုရန် အမိုက်ပါပေ့' ဆိုသော လေးချိုးလေးကိုသာ ကျွန်
တော် ကတော့ အမှတ်ရမိပါ၏။
သူရဇ္ဇ မဂ္ဂဇင်း၊ 2007ခုနှစ်၊ ဧပြီ
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ