နှုတ်ဆက်ခဲ့တဲ့နာရီလေး



(နှုတ်ဆက်ခဲ့တဲ့နာရီလေး)
ညရဲ့ကောင်းကင်ယံကို
မော့ကြည့်နေခိုက်မှာ
မင်းရဲ့မျက်နှာလေး
ပြေးမြင်မိတယ်.......ချစ်သူ
ညရဲ့အစမှာ
ပုံရိပ်ကလှတယ်
ညရဲ့အဆုံးမှာ
ပုံရိပ်ကပြုံးလို့.....
နှုတ်ဆက်သွားတယ်
နာရီနှိုးစက်
ထမည်တော့မှ
သတိရတယ်....ချစ်သူ
ပြက္ခဒိန်ကြည့်တော့
မှတ်မိလာတယ်
စွန့်ခွာရက်နဲ့
နှုတ်ဆက်ချိန်
(4)နှစ်တိုင်အောင်
ကြာခဲ့ပြီပဲ.............ကောင်မလေးရယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ