သာမန် ဘလော့ဂ်တစ်ခု  တည်ဆောက်ခြင်း
ထိပ်ဆုံးလိုအပ်တာကတော့ဗျာ  အရင်ဆုံး your freedom ဆိုတဲ့ software လေးနဲ့ကျော်ရပါမယ် အရင်ကတော့ proxy  no. တွေနဲ့ကျော်လို့ရပါတယ် ဒါပေမယ့်လောလောဆယ်မှာတော့  ဘာနဲ့မှကျော်လို့မရသလိုဖြစ်နေတယ်ဗျ proxy no. လေးများသိရင်လည်းပြောပေးကြပါ  လောလောဆယ်မှာတော့လေ့လာနေပါတယ် ဘယ် proxy no. နဲ့အဆင်ပြေနိုင်လည်းဆိုတာကို  တွေ့တာနဲ့ထပ်ပီးတော့တင်ပေးပါမယ် လောလောဆယ်တော့ freedom  လေးနဲ့သာသုံးကြပေါ့ဗျာ freedom ကတော့သိတဲ့အတိုင်းပဲ  ကွန်နရှင်နည်းနည်းပိုလေးမယ် ဒါပေမယ့် ဒီဆိုက်မှမဟုတ်ဘူး  ဆိုက်အကုန်ကြိုက်တာကိုဖွင့်လို့ရပါတယ် ကယ်  ထပ်ဆုံးအဆင့်လေးတွေနဲ့ရေးသွားမယ်နော် အရင်ဆုံးကတော့ အဆင့်(၁)ပေါ့ဗျာ  ကြည့်လိုက်ပါနော် တချို့ကို ကိုကြီးညီနေမင်း ထံမှယူထားပါသည်  အဆင့် (၁)
သင့် Gmail တစ်ခုကို ဒီဆိုက်အတွက်သုံးရန်လိုအပ်ပါသည်  ဒီဆိုက်မှာသုံးမယ်ဆိုရင် တခြားမသုံးပါနဲ့တော့ Gmail ကို  ဘာကြောင့်လည်းဆိုတော့ Gmail disable ဖြစ်သွားမှာဆိုးလို့ပါ ။
အဆင့် (၂)
  First  Step to Blog
 www.blogger.com ကိုသွားပါ။ သင်၏ Google Account   နှင့် စကားဝှက်ကို ထည့်သွင်းပါ။ အဆင့် (၃)  
Name  Your Blog သင်၏ ဘလော့ဂ်အတွက် နာမည် (Blog  Title)၊ လိပ်စာ (Blog  Address) စသည်တို့ကို ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ  ထိုဘလော့ဂ်ကို  ကိုယ်စားပြုသော နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။  လိပ်စာကိုတော့ အရှည်ကြီး  ပေးမည့်အစား ခပ်တိုတိုပေးခြင်းက ပိုပြီး  အဆင်ပြေစေပါသည်။ (ထိုအရာများမှာ  အချိန်မရွေး ကိုယ်နှစ်သက်သလို  ပြောင်းလဲနိုင်သည် သင့်ဘလော့ဂ်  လိပ်စာကို ပေးပြီးပါက  အဆိုပါ လိပ်စာမှာ အသုံးပြု၍ ရနိုင်မရနိုင်ကို  အနီရောင်ဖြင့် ပြထားသော Check  Availability ဆိုသည်ကို နှိပ်ပြီး  စစ်ဆေးနိုင်ပါသည်။အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။
အဆင့်  (၄)
 Choose  Template
 ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏  အသွင်အပြင် ပုံသဏ္ဍာန်  Template  ကိုရွေးချယ်ပေးရမည် ဖြစ်သည်။  ကိုယ်နှစ်သက်သော နောက်ခံအရောင်၊  စာသား  အထားအသို စသည်တို့နှင့် ကိုက်ညီသော  Template တစ်ခုကို ရွေးချယ်ပြီး   အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark  လုပ်ပေးရမည် ဖြစ်သည်။   ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ  အောက်ဖော်ပြပါ ပုံတွင်   တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု  ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည်   ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက်  အောက်ခြေမှ Start Posting ဆိုသည်ကို   နှိပ်ပေးရန် လိုအပ်ပါသည်။အဆင့်  (၅) 
တဆက်တည်း  မြင်သာထင်ရှားစေရန်  ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။
  စာရိုက်တဲ့နေရာမှာ Edit Html အကွက်ထဲမှာပဲ စာကိုရိုက်ရမှာပါ..  compose မှာ  စာမရိုက်ရပါဘူး။ 
တော်တော်များများဟာ  compose မှာပဲ ရိုက်ကြတာပါ။  ပို့စ်မပေါ်ဘူးလားလို့မေးစရာရှိပါတယ်။  ပေါ်ပါတယ် ဒါပေမယ့်  ကုတ်တွေထည့်ချင်တယ်ဆိုတာမျိုး တစ်ခုခု html ကုတ်တစ်ခုခု  တင်မယ်ဆိုရင်  အဲ့ဒီ့မှာ ကုတ်တွေများတော့ ရှုပ်ကုန်ရောပေါ့။ compose ဆိုတာ  တစ်ကယ်တော့  ကာလာထည့်မှာတို့ကို စာလုံးညှိတာတို့ကို လုပ်ပေးပါတယ်။  ဆိုလိုတာက  ပို့စ်တွေကို ဘယ်ညှိလား၊ ညာညှိလား၊ အလယ်ညှိလား၊ နှစ်ဖက်ညီလား၊   ဒါမျိုးတွေကို ညှိပေးတာကို အဓိကထားလုပ်ပါတယ်။ အဲ့ဒီ့တော့ ကျွန်တော်တို့   ပို့စ်တွေကို Edit Html နဲ့ပဲရေးကြရအောင်ဗျာ။ ကုတ်တွေရောမရောသိချင်ရင်   ကျွန်တော်တို့ compose နဲ့ရိုက်ပြီးရင် html နဲ့ပြန်ကြည့်ပါ   ကုတ်တွေထွက်ကျလာပါလိမ့်မယ်။ html နဲ့ရိုက်ရင်တော့ ဘာကုတ်မှ   ပေါ်မှာမဟုတ်ပါဘူး။ အဲ စာအားလုံးရိုက်ပြီးပြီဆိုရင်တော့ publish post   ဆိုတာလေးကို နှိပ်ဖို့မမေ့ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် Publish   ကိုမနှိပ်ရင် စာဖတ်သူ တင်တဲ့ပို့စ်ကို သူက ပေါ်ပေးမှာမဟုတ်ပါဘူး။ Labels  နေရာမှာ ကိုယ့် Posts အမျိုးအစားခွဲဖို့ကြိုက်တာထည့်လိုက်ပါ ဥပမာ  သင်ခန်းစာတစ်ခုခုကိုသင်မယ်ဆိုရင် အဲ့ Labels နေရာမှာ  သင်ခန်းစာလို့ရိုက်ထည့်ထားလိုက်ပေါ့ဗျာ အဲ့လိုဆိုရင်တော့ 

တင်ခြင်တဲ့ပုံကိုတင်လိုက်ပါ ။အနီရောင်ပြထားတာကို သေခြားလေးလေ့လာလိုက်ပါ ။ကိုလိုခြင်သလိုပြောင်း လို့ရပါတယ်။
 Posting  မှာဓာတ်ပုံတွေထည့်ခြင်ရင်
အရင်ဆုံး ဓာတ်ပုံလေးကိုနှိပ်လိုက်ပါ Pasting  ရေးတဲ့ပေါ်နားလေးမှာရှိပါတယ် Link ဆိုတဲ့စာလုံးရဲ့ ညာဘက်နားလေးမှာပါ  နှိပ်လိုက်ပီးရင် Box လေးတစ်ခုကြလာပါမယ် ပုံကိုကြည့်လိုက်ပါ
တင်ခြင်တဲ့ပုံကိုတင်လိုက်ပါ ။အနီရောင်ပြထားတာကို သေခြားလေးလေ့လာလိုက်ပါ ။ကိုလိုခြင်သလိုပြောင်း လို့ရပါတယ်။
 





No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ