ယောင်္ကျား ၊ မိန်းမတို့အကြောင်း
"လူ့လောကကြီးဟာ ၊ ယောင်္ကျားတွေနဲ့ မိန်းမတွေ အလုပ်ရှုပ် နေကြတာပါ" တဲ့။
ဒီစကားကို ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်စဉ်ကာလက "မိ ၊ မော် ၊ မေ ၊ မ" ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ "ကာတွန်းဝင်းမောင်" ပြောခဲ့တာပါ။ အစက သိပ်သဘောမပေါက်ဘူး။ နောက်ပိုင်း အသက်အရွယ် ရလာလေလေ ၊ ဒီစကားလေးကို ပိုပြီး သဘောပေါက်လာပါတယ်။
ဟုတ်တာပေါ့ဗျာ။ လူ့လောကကြီးမှာ "ယောင်္ကျားတွေ အလုပ်ရှုတ်နေရတာ ၊ မိန်းမတွေ အတွက် ဖြစ်သလို ၊ မိန်းမတွေ အလုပ်ရှုတ်နေကြတာလည်း ယောင်္ကျားတွေ အတွက်" မဟုတ်ဘူးလားဗျာ။
ယောင်္ကျားတွေ ပညာတွေကို သင် ၊ စီးပွားရေးတွေ လုပ် ၊ ငွေကို ကြိုးစားရှာနေကြတာ မိန်းမတွေ အတွက်မဟုတ်ဘူးလား။ မိဘအတွက် ရှာဖွေနေတဲ့သူကတော့  မရှိသလောက် ရှားပါတယ်။ မိန်းမတွေ အလှပြင်ဆိုင်သွားကြ ၊ အ၀တ်အစားအမျိုးမျိုး ၊ ဖက်ရှင် အမျိုးမျိုး နဲ့ ၀တ်ကြ စားကြ ၊ လှသထက် လှအောင် အမျိုးမျိုး လုပ်နေကြတာကလည်း ယောင်္ကျားတွေကို ဆွဲဆောင်ဖို့ ၊ ကိုယ့်ရီးစား ကိုယ့်လင်ယောင်္ကျား ကိုယ့်ကို အမြဲ စိတ်ဝင်စားနေအောင် အလုပ်ရှုတ်နေကြတာ မဟုတ်ဘူးလား ။
ဒါကြောင့် ဆိုရိုးစကား တစ်ခုဖြစ်ပေါ်လာတယ် မဟုတ်လား။ လောကကြီးဟာ ယောင်္ကျားနဲ့ မိန်းမ (၂)မျိုးတည်း ရှိနေလို့သာ ။
(၃)မျိုး ရှိရင်မလွယ်ဘူး ဆိုတဲ့ စကား။ ကြားဘူးမှာပေါ့။
ယောင်္ကျားတို့အကြောင်း ၊ မိန်းမတို့အကြောင်းကို ဟာသနှောထားတဲ့ စာတိုပေစ တွေကို ကျွန်တော့်ဘ၀ တစ်လျှောက်လုံး အတော်
များများ ဖတ်ခဲ့မှတ်ခဲ့ဘူးတဲ့ အထဲက ထိထိမိမိ ရှိလှတဲ့ အကြောင်းအရာ နှစ်ခုကို ဖောက်သည်ပြန်ချ လိုက်ပါတယ်။
(၁) မိန်းမတို့ အကြောင်း
-------------------------
အိမ်နီးနားချင်း အိမ်ထောင်သည် အမျိုးသမီး (၂)ယောက် ဈေးအသွားလမ်းမှာ တွေ့ကြရင်း စကားရပ်ပြောနေကြပါတယ်။ ဈေးက ပြန်လာတဲ့ မိန်းမနာမည်က ဒေါ်ဝ ၊ ဈေးကို သွားနေတဲ့ မိန်းမက ဒေါ်လှ ဆိုပါစို့။
ဒေါ်လှ ။ ။ ဟော ၊ မ၀တို့တော့ ဈေးတောင် ပြန်လာပြီ။ ကျွန်မကတော့ ခုမှ ဟန်ပြင်တုန်း။ ဒါထက် စကားမစပ် မနေ့ညက ဘာဖြစ်ကြတာတုန်း။ ညသန်းကောင်ကြီး ဆူလို့ညံလို့ . . . ရှင်တို့အိမ်ဖက်က ။
ဒေါ်ဝ ။ ။ မပြောချင်ပါဘူး မလှ ရေ။ အိမ်က အကောင်ပေါ့။ အလုပ်တော့ ကောင်းကောင်း မလုပ်ဘဲ ဟိုအရေတွေကို နေ့တိုင်းသောက် ၊ ပြီးတော့ မူးရင်လည်း ကောင်းကောင်းမနေဘဲ ၊ မိန်းမကို ဟိုလူနဲ့ စွပ်စွဲ ဒီလူနဲ့ စွပ်စွဲ နဲ့ ၊ ညကတော့ ကျုပ်လည်း မခံနိုင်လွန်းလို့ ပြန်ပြီး လုပ်တာ ၊ ဘာပြောကောင်းမလဲ ။ သူတစ်ပြန်ကိုယ်တစ်ပြန်ပေါ့။ သူကလည်း ကျမကို ရိုက် ၊ ကျမကလည်း ပြန်ပြီး ကုတ်ဆွဲ နဲ့ ၊ နပမ်းလုံးကြတာ ၊ တော်သေးတယ် ၊ ရက်ကွက်လူကြီးတွေ ရောက်လာလို့။
ဒေါ်လှ ။ ။ ဟုတ်ပါ့တော် ။ ကျမတို့တောင် အိပ်ပျော်နေရာက လန့်နိုးလာတယ်။ အင်း - ရှင့်မလည်း ဒီယောင်္ကျား နဲ့ တစ်ဒုက္ခနော်။ ပြောရရင် ယောင်္ကျားတွေလည်း ဘယ်ယောင်္ကျားမှ ကောင်းပါဘူးတော်။ ဒီပုပ်ထဲ ဒီပဲတွေ ချည်းပါဘဲ။ ဒါနဲ့ ဈေးက ဘာတွေ ၀ယ်ပြီး ပြန်လာတုန်း။
ဒေါ်ဝ ။ ။ မှိုလေးတွေတော်ရေ့ ။ ရာသီပေါ် ဖက်သွပ်မှိုလေးတွေလေ ။ သူများတွေ ၀ိုင်းဝယ်နေတဲ့ကြားက ကျုပ်ဖြင့် အတင်းလု ၀ယ်လာရတယ်။ ''အိမ်ကလူက မှိုဟင်းဆို သိပ်ကြိုက်တာလေ'' ။
ဒေါ်လှ ။ ။ သြော် သြော် ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။
-----------------------------------------------------------
အဲဒါကတော့ မိန်းမတွေရဲ့ သဘာဝပါဗျား။ သဘောပေါက်ပါရဲ့နော်။ လာဦးမယ်ဗျာ ၊ ယောင်္ကျားတို့ သဘာဝ ။ ဆဲတော့ မဆဲကြနဲ့နော်။
အချိန်ကတော့ ဆောင်းအကုန် နွေအကူးကာလ နေ့လည်ပိုင်း အချိန်အခါလေးမှာပေါ့ဗျာ။
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ "ဆံသဆရာ" နဲ့ "ဆံပင်ညှပ်သူ" နှစ်ဦး ဆံပင်ညှပ်ရင်း ထွေရာလေးပါး ဟိုအကြောင်း ဒီအကြောင်း ပြောဆိုနေကြပါတယ်။ အဲဒီအချိန်မှာ ဆိုင်ရှေ့နေပူကျဲကျဲမှာ လေပွေ လေရူးလေးတစ်ချက် တိုက်ခတ်လိုက်ပြီး ဖုန် နဲ့ အမှိုက်တွေဟာ လေပွေလေရူးနဲ့အတူ လွင့်ပျံ တက်နေတာကို ကြည့်ရင်း ဆံပင်ညှပ်ဆရာက ပြောလိုက်ပါတယ်။
ဆံသ ဆရာ ။ ။ ဟိုမှာတွေ့လား ။ နွေရောက်မယ် မကြံသေးဘူး ၊ လေရူးတွေ တိုက်နေတာ။ မနေ့က အဖြစ်ကို ခင်ဗျားကို ပြောရဦးမယ်။ မနေ့က လည်း ကျွန်တော် ခုလိုဘဲ လမ်းဘက်ကို လှည့်ပြီး ဆံပင်ညှပ်ပေးနေတုန်းပေါ့ဗျာ။ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာတယ်ဗျ။
ကောင်မလေးက ကိုယ်လုံးကိုယ်ပေါက်က လှသလား မပြောနဲ့၊ တစ်တစ်ရစ်ရစ်ကလေး ။
အသားက ဖြူဖြူ ၊ ထမီအနီလေးကို တင်းရင်းနေအောင် ၀တ်ပြီး လမ်းလျှောက်လာတာ ကျွန်တော်ဖြင့် ဆံပင်ညှပ်တာတောင် ရပ်ထားရတယ် ၊ ကြည့်ကောင်းလို့။
အဲဒီတုန်းဗျာ ၊ ခုနကလို လေပွေပေါ့ ၊ ကောင်မလေးနား ကပ်ပြီး တိုက်ချ လိုက်တာ ဘာပြောကောင်းမလဲ ၊ ကောင်မလေး ၀တ်ထားတဲ့ ထမီ တိုတိုလေးဟာ လေပွေနဲ့ အတူ အပေါ်ကို လွင့်ပျံ တက်သွားတော့တာဘဲဗျာ ။
ဆံပင် ညှပ်သူ ။ ။ ဟာ ! ဟုတ်လား ။ ကောင်မလေးတော့ တော်တော့်ကို ရှက်သွားမှာပေါ့နော်။ လူတွေက အများကြီး မဟုတ်လား။
ဆံသ ဆရာ ။ ။ ရှက်မှာပေါ့ဗျာ။ အို ဒီနားမှာ ရှိတဲ့ ယောင်္ကျားမှန်သမျှ ၀ိုင်းကြည့်ကြတာ ။ ကောင်မလေးလည်း ထမိန်ကို ကဗျာကယာ ဆွဲချပြီး ပြေးလိုက်တာဆို လုံးနေတာဘဲ။
ဆံပင် ညှပ်သူ ။ ။ ကျွန်တော်ထင်တယ်ဗျ။ ကောင်မလေးက အသားကဖြူဖြူဆိုတော့ အဲဒီအချိန်မှာ ရှက်လွန်းလို့ သူ့မျက်နှာဟာ နီရဲနေမှာဘဲ နော်။ ဟုတ်လား။
ဆံသ ဆရာ ။ ။ အင်း အဲ အဲ ။ မျက်နှာ နီရဲနေလားတော့ မသိဘူးဗျ။ ဘာပြုလို့လည်း ဆိုတော့ အဲဒီ အချိန်မှာ ကျွန်တော် ကောင်မလေး မျက်နှာကိုတော့ မကြည့်မိလိုက်ဘူးဗျ။
ဆံပင် ညှပ်သူ ။ ။ သြော် ဟုတ်လား ။ အင်းပေါ့ ။ မျက်နှာကို ဘယ်ကြည့်မိပါ့မလဲ။ ဟုတ်တာပေါ့ဗျာ။
--------------------------------------------------------------------------
ဒါကတော့ ယောင်္ကျားတို့အကြောင်း ပေါ့ဗျာ။ ခင်ဗျား ၊ ကျွန်တော် ၊ ကြီးကြီး ငယ်ငယ် ယောင်္ကျားတွေ အားလုံး ဒီလို ချည်းပါဘဲဗျာ။ မဟုတ်ဘူးလား။ မဆဲနဲ့နော်။
ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ