ကိုယ့်အတန်းသားချင်း ဘယ်သူဘယ်လောက်စာရသလဲ သိပြီးသား။ အဆင့်တစ်ရတဲ့ကောင်ဆိုတာ ဘောလုံးကန်တတ်တဲ့ကောင်၊ စွန်လွှတ်တတ်တဲ့ကောင်လောက်မှ အထင်ကြီးစရာ မရှိ။
အဲဒီအချိန်တုန်းက ကိုယ့်စိတ်ထဲမှာ ကျိတ်ပြီး အထင်ကြီးမိနေတဲ့ အတန်းဖော် သူငယ်ချင်းတွေတော့ ရှိပါတယ်။ သူတို့မိဘတွေက အရမ်းဂရုစိုက်ပြီး ဆရာမတွေနဲ့ တော်တော်ရင်းရင်းနှီးနှီးရှိသလိ
ဒါပေမယ့်လည်း အဲသည်အငုံ့စိတ်ကို ပုတ်နှိုးလိုက်သလို အနှိုးခံရတဲ့အခါတွေ ရှိလာခဲ့ပါတယ်။ တချို့ဆရာတွေက တော်တော်မျက်နှာလိုက်တာကိုး။ သူတို့ဘာသူတို့ ကိုယ်ချစ်တဲ့ကလေးကို မျက်နှာသာပေးတာလည်း ပေးပေါ့။ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မဆီမဆိုင် အဲသည်ကလေးတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုလာနှိမ်သလို ခံစားရတဲ့အခါ ကလေးပေမယ့် စိတ်ထဲမှာ နေလို့မကောင်းဘူး။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် ဆိုရင် ကြည့်ကြသေးတာပေါ့ဟာ။ ငါက သူတို့ထက်သာအောင်ကို ကြိုးစားပလိုက်ဦးမယ် ဆိုတဲ့ စိတ်ကလေး ၀င်လာပါတယ်။ မှတ်မှတ်ရရ၊ ၇ တန်းနှစ်မှာ အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို ဆရာမတွေက လူရည်ချွန်ဖြေဖို့ ကြိုတင်လေ့ကျင့်ပေးတာတွေ လုပ်တဲ့အခါ ကိုယ်ကဘုမသိဘမသိနဲ့မို့ “အဲဒါ ဘာလုပ်တာတုန်း” လို့ သွားမေးမိပါတယ်။ “ဒါ လူရည်ချွန်ဖြေဖို့လေ။ အရမ်းခက်တာ။ ကျောင်းစာရော။ အထွေထွေဗဟုသုတရော၊ အားကစားနဲ့ ဖွံ့ဖြိုးရေးတွေပါ ထူးချွန်ရတယ်။” လို့ ဖြေပါတယ်။ လူရည်ချွန်ရရင် ငပလီသွားရတယ်ဆိုတော့ အိမ်နဲ့အညာကလွဲရင် ဘယ်ကိုမှ မရောက်ဘူးတဲ့ကိုယ်က “ကျွန်တော်ရော ဖြေလို့မရဘူးလား ဆရာမ။” လို့ လျှာရှည်မိပါတယ်။ ဆရာမက ငါးခူပြုံးကလေးပြုံးပြီး “ရတယ်လေ။ သုံးယောက်ရွေးမှာ။ ပထမ၊ ဒုတိယ၊ တတိယ ၀င်အောင်လုပ်။ ကိုယ့်အတန်းထဲမှာတင် ကိုယ်ရတာ မဟုတ်ဘူးနော်။ စိန်ပေါကျောင်း တစ်ကျောင်းလုံးမှာ ရရမှာ။” တဲ့။ ကိုယ့်ဘ၀ကြီးကို ပြောင်းလဲသွားစေတဲ့စကားတစ်ခွန်း
အတန်းတင်စာမေးပွဲပြီးတဲ့အခါ ဆရာမက သူ့အတန်းထဲက ဆုရတဲ့ကျောင်းသား နှစ်ယောက်ကို ဘောပင်လှလှလေး တစ်ချောင်းစီပေးတယ်။ သူ့ဆီက သူကိုယ်တိုင် ကျေကျေနပ်နပ်ပေးတဲ့ဆုကိုယူရတာ အရသာရှိလိုက်တာလေ။ ငွေကြေးတန်ဖိုးနဲ့တွက်ရင် ဘောပင်လေးတွေက အဖိုးမတန်ပါဘူး။ ကျောင်းကရတဲ့ဆုကလည်း အဖိုးမတန်ပါဘူး။ ဒါပေမယ့် အနှိမ်ခံရရင် ဘယ်လိုပြန်ပြီး အနိုင်ယူရသလဲဆိုတဲ့ သင်ခန်းစာကတော့ တော်တော် အဖိုးတန်ပါတယ်။ လူလတ်တန်းစား အောက်ခြေနားက ကလေးတစ်ယောက်အဖြစ်နဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရတာ ဘ၀မှာ အခါခါ ရှိခဲ့ပါတယ်။ ကံကြမ္မာလေး မျက်နှာလိုက်တယ်ဆိုတာလည်း ခနခန ကြုံနေကျပေါ့။ ကိုယ့်အဖို့ကတော့ အဲသည် ဖိနှိပ်နှိမ်ချမှု၊ ခွဲခြားဆက်ဆံမှုတွေကို ပြန်လည်ထောက်ကန်စရာ တွန်းအားအဖြစ်နဲ့ အသုံးချခဲ့တယ်။
သည်လိုနဲ့ပဲ အသက်အရွယ်တွေရလာတဲ့အခါ ကိုယ့်အကြောင်းသူ့အကြောင်း ဘာမှမသိသေးပဲနဲ့ လူကို အသားလွတ်ကြီး ခွဲခြားဆက်ဆံခံရတဲ့ အတွေ့အကြုံတွေလည်း မနည်းမနောကြီး ရှိလာပါတော့တယ်။ အထူးသဖြင့်တော့ မြန်မာလူမျိုးဖြစ်နေမိတဲ့အပေါ် တိုင်းတပါးသားတွေက အထင်သေးအမြင်သေး
နှိမ့်ချဆက်ဆံတတ်တာဟာ နိုင်ငံခြားသွားတဲ့ မြန်မာလူမျိုးတိုင်းလိုလို ခံစားဖူးတဲ့ အတွေ့အကြုံပါ။ ခက်တာက ကိုယ့်အမိနိုင်ငံတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ကိုယ်တစ်ယောက်တည်းနဲ့ ခါးတောင်းမြောင်အောင်ကျိုက်ပြီး တင်ပေးလို့မရတာကြောင့် အရင်ဆုံးကြိုးစားရတာကတော့ ကိုယ့်ဂုဏ်သိက္ခာကိုအရင် သူတို့လက်တွေ့သိအောင် ပြရတော့မှာပါ။ သည်လိုပြနိုင်ဖို့ အရင်ဆုံးလိုအပ်တာကတော့ ကိုယ်ကိုယ်တိုင် ဂုဏ်သိက္ခာရှိသော မြန်မာတစ်ယောက်ဖြစ်ဖို့ပါပဲ။ ကောင်းပါပြီ။ ဘယ်အရာတွေဟာ လူတစ်ယောက်ကို တင့်တင့်တယ်တယ်နဲ့ ဂုဏ်ရှိစေနိုင်မှာလဲ။
ပထမအချက်ကတော့ လူပြိန်းကြိုက်ပြောချင်ပြော၊ လူတိုင်းသည်းခြေကြိုက်ပြောချင်ေ
ငေါက်ကနဲထိုင်ဆင်းသွားမှာပေါ့။ သီချင်းထဲကလို “လောကကြီးမှာ ပိုက်ဆံမရှိရင် မျက်နှာ အင်မတန်ငယ်။” ဆိုတာ ကိုယ်တို့မြန်မာတွေ အနှိမ်ခံရတဲ့ အဓိက အကြောင်းရင်းထဲမှာပါတယ်။ ကောင်းပြီလေ။ ဒါဆိုလည်း ငွေမရှိတဲ့သူတွေအတွက် တခြားဟာတွေနဲ့ ဂုဏ်သိက္ခာတက်ပြီး လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ဟိတ်ထုတ်ရတော့မှာပေါ့။
ငွေမရှိလည်းရပါတယ်။ သူတို့နိုင်ငံခြားသားတွေ ကိုယ့်ကိုအထင်မသေးနိုင်အောင် ကိုယ့်ဘက်က ထုတ်ပြစရာ နောက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ “ပညာ” တဲ့။ ပညာတတ်ရင် လူ့အောက်မကျဘူး။ ကလေကချေ အုတ်ကြားမြက်ပေါက် မဟုတ်ဘူး။ ဆရာနဲ့သမားနဲ့ စံနစ်တကျ လေ့ကျင့်သင်ကြား ပျိုးထောင်ထားတဲ့ လူဂုဏ်တန်လို့ မျက်နှာကလေးချီပြီး မော့ထားလို့ရတယ်။ ပညာဆိုတဲ့နေရာမှာ သူတို့လက်ခံအသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်စာရွက်တွေကိုချည့် ပြောတာ မဟုတ်ဘူး။ မိမိအသက်မွေးမှုအတတ်မှာ ကျွမ်းကျင်လိမ္မာခြင်း၊ ထူးချွန်ပြောင်မြောက်ခြင်းတွေ ရှိရင်လည်း အထင်သေးမခံရဘူး။ သံချီသံကွေးသမားပဲဖြစ်ဖြစ်၊ ဆံပင်ညှပ် လျှော်ကောက်ဖြောင့်သမားပဲဖြစ်ြ
ပိုက်ဆံမရှိ၊ ပညာမတတ်လို့ အနှိမ်ခံရတယ်ဆိုရင်လည်း အားမငယ်ပါနဲ့လေ။ လူတွေမှာ ဘာမှမရှိလည်းပဲ မာနကြီးတခွဲသားနဲ့ ဂုဏ်ယူနိုင်တာ နောက်တစ်ခုရှိသေးတယ်။ “ရိုးဂုဏ်” တဲ့။ ရိုးသားတယ်၊ အကျင့်စာရိတ္တကောင်းတယ် ဆိုတာ ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘယ်လောက်ပညာတတ်တတ်၊ လူတိုင်းရှိနိုင်တဲ့ဂုဏ် မဟုတ်ဘူး။ သမ္မတကြီး၊ ၀န်ကြီးချုပ်ကြီးဖြစ်နေပစေဦးေ
ကျန်တာကတော့ အပေါ်ယံလို့ပြောချင်လည်း ပြောလို့ရပါတယ်။ ကိုယ့်အပေါ်မှာ မသိမသာစွဲကပ်နေတဲ့ လူအထင်သေးဖွယ် အမူအကျင့်များကို ဖျောက်ပစ်ရမှာပေါ့။ ကိုယ်ပေါက်ဖွားကြီးပြင်းရာ အသိုင်းအ၀ိုင်းဟာ စည်းကမ်းတကျ အဆုံးအမ အကွပ်အကဲနဲ့ လူလားမြောက်လာပါတယ်လို့ သိစေရမယ်။ ငယ်ငယ်ကဆို အဖွားက ခနခနထိပ်ခေါက်ပြီး သင်တယ်။ ထမင်းစားရင် ပြတ်ပြတ်နဲ့ အသံမမြည်စေနဲ့။ လမ်းလျှောက်ရင် ရှပ်တိုက်ပြီး မလျှောက်နဲ့။ သူများနဲ့စကားပြောရင် မျက်လုံးချင်းဆိုင်ပြီးမှ စကားပြော။ သူ့မျက်စိရှေ့ရောက်ရင် ဘယ်ဟာမှ အပြစ်မလွတ်ပါလားလို့ ထင်ခဲ့မိတာဟာ အခုချိန်ရောက်မှ သဘောပေါက်လာတယ်။ သူကသူ့မြေးကို အဆင့်အတန်းရှိရှိ လူလားမြောက်လာအောင် သွန်သင်နေတာပါလားလို့။ ဒီနေရာမှာတော့ အညာသူ တို့ဖွားအေက အင်မတန်ဘိုဆန်စွာဆုံးမပါတယ်။ အက်တိကက်နားမလည်ရင် အင်ပရက်ရှင် ဒေါင်းသတဲ့။ အရွယ်ကလေးရောက်လာတော့ သူများဆီက အတုခိုးတဲ့အထဲမှာ အဲသည်အကျင့်ကောင်းကလေးတွေကို မှတ်မှတ်သားသား အတုခိုးဖြစ်သွားပါတယ်။ သူများနိုင်ငံရောက်တဲ့အခါ ကွမ်းတံတွေး တပျစ်ပျစ်ထွေး၊ အမှိုက်တွေ့ကရာပစ်၊ တန်းစီရင်ကြားဖြတ်ဝင်၊ အစရှိတဲ့ အမူအကျင့်တွေ အမှတ်မထင်ပြုမိရင် အုတ်ကြားမြက်ပေါက်သဖွယ် အထင်သေးခံရပါလိမ့်မယ်။ (ကိုယ့်ဆီမှာတော့ တို့များရိုးရာ တို့ရိုးရာပေါ့)
တကယ်လို့များ တိုင်းတပါးသားတွေနဲ့ တွေ့ကြုံဆက်ဆံရင်း မြန်မာလူမျိုးတစ်ယောက် ဖြစ်နေတဲ့အတွက်
နှိမ်ချဆက်ဆံလာခဲ့တယ်လို့ ခံစားရတယ်ဆိုရင် ဒေါသတကြီး ကဲကဲဆတ် ရန်ထောင်တာမျိုးထက်စာရင် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်းကလေးနဲ့ ဂုဏ်သရေရှိရှိ အနိုင်ယူပြလိုက်တာက အများကြီး ပိုပြီး အရသာရှိတယ်ဆိုတာ ခုချိန်မှာတော့ ရှင်းပြဖို့တောင် မလိုတော့ဘူးထင်ပါတယ်။ ကိုယ့်ဘက်က ပညာအရည်အချင်းကလေး
လောက်လောက်လားလားရှိရင်၊ ငွေကြေးနဲ့ယိမ်းယိုင်မသွားတဲ့ ကိုယ်ကျင့်တရားကလေး စောင့်ထိန်းထားမယ်ဆိုရင် ပတ္တမြားအစစ်မို့ နွံမှာနစ်သော်လည်း မညစ်တဲ့အကြောင်း ကောင်းကောင်းကြီး သက်သေပြလို့ရပါလိမ့်မယ်။ အမျိုးမှန်အဖိုးတန် မြန်မာပြည်ဖြစ် စစ်စစ်ကြီးမှန်းသိသွားလို့ သူများက အပိုင်ဝယ်သိမ်းချင်လာပြီ ဆိုတော့မှ တမျိုး စဉ်းစားကြတာပေါ့ကွယ်။ ဟုတ်ဘူးလား။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ