သွားတိုက်ရာတွင် မှားယွင်းတတ်သော အချက်( ၁၀ )ချက်

သွားတိုက်ရာတွင် မှားယွင်းတတ်သော အချက် ( ၁၀ )ချက်

 

သွားတိုက်ခြင်းသည်လူအများနေ့စဉ်ပြုလုပ်ကြသည့်အကျင့်ကောင်းတစ်ခု

ဖြစ်သည်။အကျင့်ဆိုသည်မှာ ပေါ့လျော့တတ်ပါသည်။

             နေ့စဉ်သွားတိုက်သော်လည်း ဂရုစိုက်ပြီးစနစ်ကျစွာမတိုက်ပါက သွားပိုးစားခြင်း၊သွားဖုံးရောဂါဖြစ်ခြင်းတို့ကို ကြုံရတတ်ပါသည်။ထို့ကြောင့်အောက်ပါမှားယွင်းမှုများကို ရှောင်ကြဉ်ပါ။

 

၁။ကောင်းမွန်သောသွားပွတ်တံ မသုံးစွဲခြင်း။

သွားပွတ်တံသုံးစွဲသည့်အခါ မှန်ကန်သောသွားပွတ်တံကို မှန်ကန်စွာရွေးချယ် တတ်ဖို့လိုပါသည်။သွားပွတ်တံကိုကိုင်တွယ်အသုံးပြုရာတွင် ပါးစပ်အလွန်အမင်း ဟစရာမလိုဘဲ လွတ်လပ်ပေါ့ပါးခြင်းရှိရမည်။သွားပွတ်တံကဲ့သို့ အဆင်ပြေရပါမည်။သို့မှသာ သွားပွတ်တံကို မှန်ကန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

 

၂။ကောင်းမွန်သောအမျှင်ရှိသည့် သွားပွတ်တံကိုမရွေးချယ်ခြင်း။

သွားပွတ်တံသည် မာလွန်းလျှင်လည်း သွားဖုံးကို ထိခိုက်နိုင်ပါသည်။ပျော့လွန်းလျှင်လည်း သွားချိုးများကိုမဖယ်ရှားနိုင်ပါ။ထို့ကြောင့် သွားပွတ်တံရွေးသည့်အခါတွင် မပျော့လွန်း မမာလွန်းသော သွားပွတ်တံကိုရွေးချယ်သင့်ပါသည်။

 

၃။မှန်ကန်စွာ သွားမတိုက်ခြင်း

သွားကိုတစ်နေ့လျှင်နှစ်ကြိမ်တိုက်သင့်သည်။သုံးကြိမ်တိုက်ခြင်းသည် အထိရောက်ဆုံး အကောင်းဆုံးဖြစ်သည်ဟုဆိုသည်။တစ်ကြိမ်လျှင်အနည်းဆုံး နှစ်မိနစ်မှသုံးမိနစ်ကြာအောင်သွားတိုက်ခြင်းသည် ထိရောက်မှုရှိသည်။သွားနှင့်ခံတွင်းတစ်ခုလုံးသန့်စင်အောင်တိုက်ရမည်။ခံတွင်းထဲတွင်ရှိသော အစိတ်အပိုင်း လေးပုံတစ်ပုံကို 30 Secondစီ အချိန်ပေးတိုက်ရန်လိုအပ်ပါသည်။

 

၎။မကြာမကြာသွားတိုက်ခြင်းနှင့် ကြမ်းတမ်းစွာတိုက်ခြင်း

တစ်နေ့လျှင် သုံးကြိမ်ထက်ပိုမိုပြီး တိုက်ရန်မလိုပါ။သွားများကိုလိုအပ်သည်ထက် အလွန်အကျွံတိုက်ခြင်းသည် သွားဖုံးကို နာကျင်ပျက်စီးစေတတ်ပါသည်။

 

၅။သွားပွတ်တံကို မှန်ကန်စွာမသုံးစွဲခြင်း။

သွားတိုက်သည့်အခါတွင် သွားပွတ်တံကို ၄၅ ဒီဂရီစောင်းပြီးတိုက်ပါ။သွားတိုက်ရာတွင် စက်ဝိုင်းပုံ (သို့)အပေါ်အောက်ဒေါင်လိုက်လှုပ်ရှားမှုဖြင့် တိုက်ပေးရမည်။ဘေးတိုက် မတိုက်ရပါ။သွားတိုက်ရာတွင်သွားအတွင်းအပြင်သာမက နောက်ဆုံးတွင် လျှာကိုအရင်းမှအပြင်သို့ တိုက်ပေးရမည်။

 

၆။တစ်နေရာတည်းမှ စတိုက်ခြင်း။

လူအများစွာသွားတိုက်ရာတွင် အမြဲလိုတစ်နေရာတည်းတွင်တိုက်နေခြင်းမှာ

မှားယွင်းနေပါသည်။နေ့စဉ်ပုံစံပြောင်းပြီး နေရာအနှံတိုက်ခြင်းသည် လူကိုပျင်းရိခြင်းမရှိဘဲ ပိုမိုအကျိုးသက်ရောက်စေသည်။

 

၇။သွားအတွင်းပိုင်းတိုက်ရန်မေ့ကျန်ခြင်း။

လူအများစုသည်သွားတိုက်သည့်အခါတွင်အတွင်းပိုင်းကိုတိုက်ရန်အလေးအနက်မထားကြပါ။သွားအတွင်းဘက်ရှိမမြင်နိုင်သောချိုးများကိုဖယ်ရှားပေးဖို့လိုအပ်ပါသည်။သွားဆရာဝန်များပြောဆိုချက်အရ သွားများအတွင်းပိုင်းကို သန့်စင်အောင်တိုက်ပေးရမည်။

 

၈။သွားပွတ်တံအား မဆေးကြောခြင်း။

စိုစွတ်သောသွားပွတ်တံကို ထက်မံအသုံးပြုခြင်းအားဖြင့် ဗက်တီးရီးယားများကို တိုးပွားစေသည်။အသုံးပြုပြီးလျှင် သွားပွတ်တံကို သန့်စင်စွာဆေးကြောရမည်။

 

၉။သွားပွတ်တံကိုခြောက်သွေ့စွာ မထားခြင်း။

သွားပွတ်တံကို ခြောက်သွေ့စွာမထားခြင်းသည် ဗက်တီးရီးယားများကို တိုးပွားစေသည်။စိုစွတ်သောသွားပွတ်တံကို ခါချပြီး ခြောက်သွေ့သည့်အခါတွင် အဖုံးစွပ်ပေးခြင်းသည် ပိုမိုကောင်းမွန်သည်။

 

၁၀။သွားပွတ်တံကို လဲလှယ်အသုံးပြုခြင်း

အမေရိကန်နိုင်ငံ သွားဘက်ဆိုင်ရာဆရာဝန်များအသင်း၏ဖော်ပြချက်အရ သွားပွတ်တံကို သုံးလတစ်ကြိမ်လဲလှယ်အသုံးပြုရမည်။သွားပွတ်တံကို ကောင်းမွန်စွာ စစ်ဆေးပြီးမှအသုံးပြုသင့်သည်ဟု ဆိုပါသည်။သွားပွတ်တံအမျှင်များ ပျက်စီးသွားပါက လဲလှယ်ရမည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ