ထူးချွန် ထက်မြက်သူတို့၏ အလေ့အထ ခုနှစ်ရပ်

အလေ့အထ (၁) လိုချင်တာတွေကို ဖန်တီးရယူတတ်ခြင်း

ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဆုံးဖြတ်ထားတဲ့အတိုင်းဖန်တီးကြိုးစားတတ်ပါတယ်။ ကိုယ်ရဲ့ ရွေးချယ်မှုအတွက် အပြည့်အဝ တာဝန်ယူတတ်ပြီးဖြစ်လာသမျှ အကောင်း၊ အဆိုးတွေကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်းရှိပါတယ်။

အလေ့အထ (၂) စိတ်ကို လေ့လာခြင်း

ကိုယ့်မှာရှိတဲ့ အကျင့်စရိုက်၊ အားသာချက်တွေနဲ့ ဘဝ ရည်မှန်းချက်တွေကိုနက်နက်နဲနဲ နားလည်အောင် ကြိုးစားပြီးကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ရှာဖွေပါတယ်။
သင်ရဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ၊ နေထိုင်မှုဆိုင်ရာ အခန်းကဏ္ဍ အမျိုးမျိုးကစစ်မှန်တဲ့ အကျင့်တွေကို မညှာတမ်းအကဲဖြတ်ပါတယ်။

အလေ့အထ (၃) အရေးကြီးဆုံး အလုပ်ကို အရင်ဆုံး လုပ်ဆောင်တတ်ခြင်း

သီတင်းပတ် တစ်ပတ်ချင်းစီအလိုက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို အစီအစဉ်ချပြီးအရေးကြီးဆုံး အရာတွေကို ထိပ်ဆုံးမှာထားကာ ဦးစားပေး ဆောင်ရွက်ပါတယ်။ ကြိုးစားအားထုတ်မှုတိုင်းဟာ ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုဆိုင်ရာတန်ဖိုးရအောင်ပံ့ပိုးပေးနိုင်ဖို့ထည့်သွင်းစဉ်းစားပါတယ်။

အလေ့အထ (၄) Win-Win ဆိုသော အခြေအနေကို စဉ်းစားတတ်ခြင်း

ပေါင်းသင်း ဆက်ဆံရေးမှာ အကျိုးရှိတဲ့ သဘောတူညီချက်ရဖို့ ကိုယ်လည်း အနိုင်ရစေ၊သူလည်း အနိုင်ရစေဆိုတဲ့ Win- Win Situation ကို နားလည် တန်ဖိုးထားပြီး အလေးထားလုပ်ဆောင်ပါတယ်။ အခြေအနေ တစ်ရပ်မှာ လူတစ်ဦးတည်းပဲ အောင်မြင်နေတာထက် ပါဝင်သူအားလုံးအောင်မြင်အောင် စဉ်းစားနားလည်ပေးတာကလူတွေကို တန်ဖိုးထားလေးစား တတ်တဲ့အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။

အလေ့အထ (၅) အရင်ဆုံး သူတစ်ပါးကို နားလည်ရန် ကြိုးစားပြီး နောက်မှ ကိုယ့်ကိုနားလည်မှု ရရှိစေရန် ကြိုးစားတတ်ခြင်း

လူတစ်ဦးရဲ့ စစ်မှန်တဲ့ ရင်းနှီးမှုကို ရရှိဖို့အတွက် စာနာ နားလည်တတ်တဲ့စိတ်နဲ့ နားထောင်လေ့ ရှိပါတယ်။ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပြီးအပြုသဘောနဲ့ တုံ့ပြန်ပေးတာကြောင့် သူတစ်ပါးကို လွှမ်းမိုးမှု ရှိသွားပါတယ်။
ဒီအလေ့အထကြောင့် ဂရုစိုက်မှု၊ လေးစားမှုနဲ့ ပြဿနာကို အပြုသဘောနဲ့ဖြေရှင်းတတ်မှုဆိုတဲ့ ရင်းနှီးခင်မင်တဲ့ သရုပ်သဏ္ဍာန်ကိုရရှိစေပါတယ်။

အလေ့အထ (၆) စုပေါင်း ညှိနှိုင်း ဆောင်ရွက်တတ်ခြင်း

အပြုသဘောဆောင်တဲ့ အသင်းလိုက် ဆောင်ရွက်မှုကြောင့် ပါဝင်သူတွေရဲ့ ခွန်အားနဲ့အရည်အချင်းတွေ ပေါင်းစည်းသွားပြီး လူတစ်ယောက်လုပ်လို့ရတဲ့အောင်မြင်မှုထက်ပိုသာတဲ့ အောင်မြင်မှုပန်းတိုင်ကို ရရှိစေပါတယ်။ အဓိပ္ပာယ်ရှိတဲ့ပူးပေါင်းကြိုး စားမှု၊ခေါင်းဆောင်ပီသမှုနဲ့အားပေးမှုတွေကြောင့်အဖွဲ့လိုက်လုပ်ဆောင်မှုဟာ အကောင်းဆုံး စွမ်းဆောင်မှုကိုရရှိစေပါတယ်။

အလေ့အထ (၇) ထက်မြက်အောင် ကြိုးစားနေခြင်း

ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းအင်နဲ့ ကျန်းမာရေးတွေကို ဟန်ချက်ညီအောင်နဲ့ ကောင်းမွန်နေအောင် ကြိုးစားတာဟာ ကြာရှည် ထူးချွန်ထက်မြက်တဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိစေပါတယ်။

ကျွန်တော်လည်း ကြိုးစားနေဆဲပါ.....။
Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ