နိုင်ငံခြားနှင့်ပါတ်သက်သောယတြာများ


 

  နိုင်ငံခြားကို စတင်ပြီး သွားချင်ပြီ။ ကြံစည်ပြီ ဆိုပါတော့။ဒါဆိုရင် နိုင်ငံခြားကို အမြန်သွားရအောင် ဘယ်လို ယတြာ လုပ်မလဲပေါ့။ မသွားခင်ကတည်းက
 
ထစ်ငေါ့နေပြီ။ ကြန့်ကြာနေပြီဆိုရင် မကောင်းပေဘူး။ မဟုတ်ဘူးလား ဗျာ။ ဒါကြောင့်ယတြာလေးဘာလေးကြိုတင်ချေထားချင်တယ်ဆိုရင်ပေါ့လေ..။

ကဲ... စလိုက်ကြရအောင်။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၁)

ကိုယ်အိပ်ခါနီးဆိုရင် ဘာမှ မလုပ်နဲ့တော့။ အုန်းမှုတ်ခွက် နှစ်ခွက်ကို တီးပြီး ကိုယ်သွားချင်တဲ့ နိုင်ငံကို အာရုံပြု ဆုတောင်းရတယ်။ ဒီလောက်ပါပဲ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၂)

အပြာရောင်မိုးပျံဘောလုံး တစ်လုံးမှာ နာမည်၊ မွေးနေ့၊ အသက်၊ ပတ်စပို့နံပါတ်၊ သွားမယ့်နိုင်ငံ၊ လျှောက်ထားတဲ့ အလုပ်၊ ကျောင်း၊ အဲဒါတွေရေး။ အားလုံးကို အင်္ဂလိပ်လို ရေးရမယ်နော်။ သောကြာနေ့ည (၁၂)နာရီ တိတိမှာ အိမ်ရှေ့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို လေးလေးနက်နက် ဆုတောင်းပြီး လွှတ်တင်လိုက်ရမယ်။ အဲဒီ မိုးပျံ ပူပေါင်းမှာတော့ တားရော့နံပါတ် (၂၁) ကဒ်ပြားကို ချဉ်ပြီး လွှတ်တင်လိုက်ပါ။ ဒါလည်း အောင်မြင်စေသောယတြာ တစ်ခု ဖြစ်ပါကြောင်း။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၃)

နောက်တစ်ခုက ကမ္ဘာမြေပုံ ကားချပ်ကြီး တစ်ခုဝယ်။ ပြီးရင် ကိုယ်အခန်း အိပ်ယာဘေးမှာကပ်။ ပြီးရင် ကိုယ်သွား မယ့် နိုင်ငံရဲ့ အမည်ပေါ်မှာ ကိုယ့်ရဲ့ ပတ်စပို့ ဓာတ်ပုံလေးကပ်ပြီး နေ့စဉ်ရက်ဆက် ဆိုသလို ကိုယ်သွားမယ့် နိုင်ငံကို ရောက်ပြီလို့ အာရုံပြု ဆုတောင်းပေးနိုင်ပါတယ်။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၄)

ခုံဖိနပ်တစ်ရံ ကို ၀ယ်စီးထားလိုက်ပါ။ နှစ်ရက် သုံးရက်လောက် စီးထားရင် ရပါပြီ။ သုံးရက်လောက်ကြာတဲ့အခါ အဲဒီ ခုံဖိနပ်နဲ့ ယတြာချေမယ်။ ဘယ်လို လုပ်ရမလဲဆိုတော့ မြေကြီးမှာ စည်းတစ်ခု ဆွဲထားပါ။ ကိုယ်က စည်းရဲ့ အတွင်း ဘက်ကနေ ခုံဖိနပ် စီးထားပြီး ရပ်နေပါ။ ပြီးရင် ခုံဖိနပ်ကို ချွတ်ပြီး ခုံဖိနပ်ပေါ်မှာ တက်ရပ်နေပါ။ စည်းရဲ့ အပြင် ဘက်မှာကတော့ ဖိနပ်အသစ် တစ်ရံ ချထားပါ။ ပြီးရင် ကိုယ်သွားချင်တဲ့ နိုင်ငံကို အာရုံပြုပြီး ဘေးတိုက် ခုန်ကျော် လိုက်ပါ။ ကျန်ခဲ့တဲ့ ခုံဖိနပ် အဟောင်းကြီးကို တစ်စုံတစ်ယောက်က ဓားတဲ့ ခုတ်ထစ်ပြီး မီးရှို့ ပစ်လိုက်ပါ။ ဒါလည်း အကောင်းဆုံး ယတြာပါပဲ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၅)

နောက်တစ်နည်း ကိုယ့်ရဲ့ မွေးနေ့ နံက် (၉း၄၅)မှာ အောင်သပြေပန်း သက်စေ့နဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (ခြေတော်ရာ) ဘုရားမှာ လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။ ဖြစ်နိုင်၇င် မကြာခဏ သွားလှူပြီး ဆုတောင်းပါ။ လမ်းစရိတ် ပြတ်နေသူတွေက်ု ဒါနပြုပါ။ လမ်းပြင် တံတားဆောက်တဲ့ နေရာတွေမှာ အလှူပေးပါ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၆)
မတ်တော်ရပ် ဘုရားတစ်ဆူဆူကိုသွားပြီး ခြေဖမိုးကို ရွှေချပြီး နိုင်ငံခြား အမြန်သွားရပါစေကြောင်း ဆုတောင်းပါ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၇)

စက္ကူပေါ်မှာ မိမိနာမည်၊ မွေးသက္ကရာဇ် အပြည့်အစုံရေးပါ။ သင်္ဘောသီးတစ်လုံးရဲ့ ဘေးမှာကပ်ပါ။ နောက်ပြီး အနီရောင် တံခွန်လုံး (၇)လုံးကို သင်္ဘောသီး ထိပ်တည့်တည့်ကနေ ၀ိုင်းဝိုင်းလေး စိုက်ဗျာ။ ပြီးတော့ မွေးနေ့ နံက် (၉း၄၅)မှာ တစ်ကြိမ်။ ည( ၉း၄၅) မှာ တစ်ကြိမ် သင်္ဘော အညှာပေါ်မှာ ဖယောင်းတိုင် ထွန်းပြီး လေးလေးနက်နက် ဆုတောင်းပါဗျ။

ဗီဇာကိစ္စ အဆင်ပြေချောမွေ့စေရန်။

သံရုံးသွားကာနီးရင် စံပယ်ပန်ရှစ်ကုံးကို ဆက်ပြီး မြတ်ဘုရားအား စလွယ်သိုင်း ကပ်လှူပြီး အဆင်ပြေဖို့ ဆုတောင်း သွားပါ။ နောက် ကိုင်းပါတဲ့ ရေခွက်တစ်ခွက် ဘုန်းတော်ကြီး တစ်ပါးကို ကပ်လှူဆုတောင်းသွားပါ။

နိုင်ငံခြားက ငွေအမြန်ပို့ပေးစေရန်...

စပယ်ယာပြန်အမ်းသော ပိုက်ဆံဖြင့် ငွေပို့ပေးစေလိုသောသူ၏ ဓာတ်ပုံကို အိပ်ခါနီးတိုင်း ယပ်ခပ်ပြီး ငွေအမြန် ပို့ပေး စေလို့ ပြောပါ။ နေ့တိုင်း လုပ်ပါက တစ်ပါတ် ဆယ်ရက်အတွင်း အောင်မြင်နိုင်ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ