တစ်ဖက်သက်အတွေး



မတည်မြဲတဲ့ လောကကြီးမှာ
မင်းနဲ့ကိုယ်ကြား နားလည်မှုတော့
တည်မြဲနိုင်အောင် ကြိုးစားရမယ်..

အစိုးမရတဲ့ လောကကြီးမှာ
မင်းနဲ့ကိုယ့်ကြား နှလုံး သား ချင်းတော့
ရာသီကာလ ဒေသခြားလည်း
ချိန်တိုင်းရင်မှာ စိုးမိုနေအောင်ကြိုးစားရမယ်

ဒုက္ခကိုယ်စီ မကင်းကြတဲ့လောကကြီးမျာ
မင်းနဲ့ကိုယ်ကြား ဒုက္ခများကို
ချိုမြိန်ဒုက္ခ သွင်ပြောင်းကြဖို့
နှစ်ဦးသားရင်ဆိုင်ဖြေရှင်းမယ်...

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ